သူနဲ့အတူ အဓိဌာန်ဝင်သူတိုင်းအတွက် လက်ဆောင်မဲလေးတွေဖောက်ပေးသွားမယ့် စမိုင်းလ်

ကုသိုလ်ရေးအတွက်ဆို အမြဲလက်မနှေးတတ်သူ စမိုင်းလ်ကတော့ အလှူကြီးအတန်းကြီးတွေ မကြာခဏပြုလုပ်လေ့ရှိသူတစ်ယောက်ဖြစ်သလို ချစ်ခင်ရတဲ့ပရိသတ်တွေပျော်ရွှင်ဖို့ အတွက်လည်း ကံစမ်းမဲအစီအစဉ်တွေပြုလုပ်ပေးလေ့ရှိသူတစ်ယောက်ပါ။ လူချစ်လူခင်များတဲ့အနုပညာရှင်တစ်ယောက်ပီပီ ကုသိုလ်ရေးကိစ္စတွေနဲ့ပတ်သက်ရင်လည်း ရှေ့ကဦးဆောင်ကာ အင်တိုက်အားတိုက်လုပ်လေ့ရှိသူပါ။

ကိုဗစ်ကာလမတိုင်ခင်မှာလည်း ထောင်ချီနဲ့ပရိသတ်တွေနဲ့ အဓိဌာန်တွေဆက်တိုက်ပြုလုပ်လာခဲ့တဲ့စမိုင်းလ်ကတော့ လတ်တလောအိမ်မှာနေရတဲ့ကာလကိုလည်း အဓိဌာန်တွေဆက်တိုက်ပြုလုပ်ရင်း အကျိုးရှိရှိဖြတ်သန်းနေပါတယ်။ မနေ့ကတော့ မဟာသမယသုတ်(၁၀) ရက်အဓိဌာန်အောင်မြင်ခဲ့ပြီဖြစ်ပြီး သူနဲ့အတူ အဓိဌာန်ဝင်ခဲ့တဲ့ ပရိသတ်တွေအတွက် ဓမ္မဒါနလက်ဆောင်အနေနဲ့ မဟာပဌာန်းကျမ်းကြီး(၅) အုပ်တွဲ အစုံ(၅) စုံကို မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

ဒီနေ့ည(၈) နာရီခွဲအချိန်မှာတော့ Facebook Live လေးပြုလုပ်ကာ မဲဖောက်ပေးသွားမှာဖြစ်ပြီး အဓိဌာန်ဝင်တဲ့သူတွေအကုန်လုံးကို စောင့်ကြည့်ကြဖို့ ရေးသားမျှဝေလာတဲ့အပြင် အဓိဌာန်ဝင်သူတွေထဲက (၁၀) ယောက်ကိုလည်း ဖုန်းဘေလ် မဲဖောက်ပေးသွားဦးမှာပါတဲ့ ပရိသတ်ကြီးရေ.. ဒါ့အပြင် ကိုဗစ်ကာလမှာ ဝိတ်တက်ကုန်တဲ့သူတွေအတွက်လည်း Spicy Coffee လေးတွေလက်ဆောင်ပေးသွားဦးမှာပါတဲ့နော်။ စမိုင်းလ်နဲ့အတူ ကုသိုလ်ယူခဲ့ကြတဲ့သူတွေကတော့ ကုသိုလ်လည်းရ၊ လက်ဆောင်လည်းရမယ့်အစီအစဉ်လေးမို့ ပျော်နေကြမှာ အမှန်ပါပဲနော်။


Source – Smile စမိုင်းလ်
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x