ရွှေထူးကတော့ လူငယ်ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့သီချင်းပေါင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုရင်း ပရိသတ်တစ်ခဲနက်အားပေးမှုရရှိခဲ့သူတစ်ယောက်ပါ။ ဆယ်စုနှစ်ကျော်တစ်ခုထိ ဂီတလောကမှာ နေရာတစ်ခုနဲ့ အခိုင်အမာရပ်တည်လာနိုင်ခဲ့သူဖြစ်သလို နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုပညာနယ်ပယ်ချဲ့ထွင်လာခဲ့သူပါ။
ပရိသတ်အတွက် သီချင်းဖန်တီးမှုအသစ်တွေနဲ့ ချပြနိုင်ဖို့ အမြဲအားထုတ်ကြိုးပမ်းနေသူရွှေထူးကတော့ ဒီနေ့မှာ ကြိုးစားမှုနဲ့ထိုက်တန်တဲ့ အရာတစ်ခုကို ရရှိခဲ့ပြီဖြစ်ကြောင်း ဝမ်းသာကြည်နူးစွာမျှဝေလာပါတယ်။ မြန်မာနိုင်ငံက သီချင်းချစ်သူတွေ အများဆုံးအသုံးပြုတဲ့ application တစ်ခုဖြစ်တဲ့ JOOX ကနေပြီးတော့ (၂၀၂၀) ခုနှစ်အတွက် ပြည်တွင်းပြည်ပအဆိုတော်များရဲ့ နားဆင်သူဦးရေ၊ Follower နဲ့ Top Chart အတွင်းဝင်ရောက်ခဲ့မှုများကို စိစစ်တွက်ချက်ထားတဲ့ စစ်တမ်းတစ်ခုကို ဖော်ပြခဲ့တာဖြစ်ပြီး ရွှေထူးကတော့ ပြည်တွင်းအဆိုတော်တွေထဲမှာ Follower အများဆုံးအနေနဲ့ ရပ်တည်ခဲ့ပါတယ် ပရိသတ်ကြီးရေ..
ရွှေထူးကတော့ Follower 763K နဲ့ နားထောင်သူပေါင်း လေးသောင်းကျော်၊ JOOX ရဲ့ Top Chart စာရင်းမှာ (၄၃) ပတ်တိုင်တိုင် သူ့ရဲ့သီချင်းတွေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ ပြည်တွင်းဒိတ်ဒိတ်ကြဲအပြိုင်အဆိုတော်တွေထက် Follower အပြတ်အသတ်များနေတဲ့ ရွှေထူးရဲ့အောင်မြင်မှုကိုတော့ သူ့ရဲ့ပရိသတ်တွေက ဝမ်းသာဂုဏ်ယူခဲ့ကြသလို ရွှေထူးကတော့ ကျွန်တော့်သီချင်းတွေကိုချစ်ကြသူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ … ကျွန်တော်ဆက်လက်ကြိုးစားပါဦးမယ်ခင်ဗျ ဆိုပြီး ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
Source- Shwe Htoo, JOOX
Rainbow- Cele Gabar