ခင်ပွန်းသည်နဲ့လမ်းခွဲပြတ်စဲလိုက်ပြီ ဖြစ်ကြောင်း ပြောပြလာတဲ့ မြနှင်းရည်လွင်

(၄) နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ သူငယ်ချင်းဘဝကနေ အိမ်ထောင်ဖက်အဖြစ် လက်တွဲခဲ့တဲ့ ခင်ပွန်းသည် နဲ့လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးလာခဲ့ပါတယ် ။ သူမဟာ ဧဒင်နတ်သမီးရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးနောက် အိမ်ထောင်ပြုလိုက်တဲ့အတွက် နှစ်အနည်းငယ် လောက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အနုပညာအလုပ်ကို အားပေးတဲ့ ခင်ပွန်းကြောင့်ပဲ ၂၀၁၇ ခုနှစ်အတွင်းမှာ ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးလက်ခံခဲ့တာဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ဘာအပြစ် အမှားမှ မရှိဘဲ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့ ကိစ္စလေးတွေကြောင့်သာ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပေမယ့် ခင်ပွန်းသည်ကတော့ သူမပေါ် တကယ်ကောင်းတဲ့ ယောက်ျားကောင်းတစ်ယောက်ပါလို့ ပရိသတ်တွေကိုပြောပြခဲ့ပါတယ် ။ သူမ ဝါသနာပါတဲ့ အနုပညာအလုပ်ကို သူမကလုပ်ချင်သလို ၊ ခင်ပွန်းဖြစ်သူကလည်း သူဝါသနာပါတဲ့ အလုပ်ကို လုပ်ကိုင်ချင်တဲ့အတွက် နှစ်ဦးသား တစ်ဦးပေါ်တစ်ဦး လစ်ဟင်းမှုတွေ ဖြစ်မလာခင် ဒီလိုဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ် ။

သားသမီးရှိခဲ့ရင်တောင် ငဲ့စရာတွေရှိလို့ လမ်းခွဲဖြစ်မှာမဟုတ်ပေမယ့် အခုအခြေနေက သားသမီးလည်း မရှိတော့ နှစ်ယောက်လုံး ပေါ့ပေါ့ပါးပါးပဲ လမ်းခွဲခဲ့ကြတာပါလို့လည်း ပြောပြခဲ့ပါတယ် ။ လမ်းခွဲလိုက်ပေမယ့် တကယ့် မိသားစု မောင်နှမ သူငယ်ချင်းပုံစံနဲ့ပဲ တစ်ယောက်ကို တစ်ယောက် သက်ဆုံးတိုင် Support လုပ်ပေးသွားကြမှာဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar )

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x