ဘုရားမှာယောဂီဝတ်နဲ့ပုတီးစိတ်တရားထိုင်တဲ့သူတွေကို ကိုယ်ချင်းစာတတ်သွားတယ်ဆိုတဲ့ မယ်လိုဒီ

ပရိသတ်ကြီးရေ မယ်လိုဒီကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို သူမရဲ့ သားလေးသိဒ္ဒိစစ် မွေးဖွားပြီးနောက် အရင်ကထက်ပိုပိုလှလာကာ ကလေးအမေလို့မထင်ရလောက်အောင်နုပျိုနေတဲ့မင်းသမီးတစ်လက်ပါ။ ခုနောက်ပိုင်းမှာတော့ ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ဘုရားတရားတွေအရမ်းလုပ်နေတာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါနော် ။

လတ်တလောမှာတော့မယ်လိုဒီက ဘုရားမှာယောဂီဝတ်နဲ့ပုတီးစိတ်တရားထိုင်တဲ့သူတွေကို ကိုယ်ချင်းစာတတ်သွားပြီဆိုတဲ့အကြောင်းကို မျှဝေပေးလာခဲ့ပါတယ် ။ ငယ်ငယ်တုန်းက ဘုရားမှာ ယောဂီဝတ်နဲ့ပုတီးစိတ် တရားထိုင်တဲ့ ဦးလေးကြီး အန်တီကြီးတွေ တွေ့ရင် အကြားအမြင်ရ ဗေဒင်ဟောစားတဲ့ ပညာရှင်တွေကြီးဘဲလို့ ထင်ခဲ့မိတာ ကိုယ်တိုင် အန်တီကြီးအရွယ်ရောက်မှ ကိုယ်တိုင်တရားထိုင်မှ စိတ်အေးချမ်းဖို့ ၃၁ဘုံကလွတ်မြောက်ဖို့ အားထုတ်နေတယ်ဆိုတာ ကိုယ်တိုင်ကြုံမှသိတော့တယ် ဆိုတဲ့စာသားလေးနဲ့အတူ တရားထိုင်တာအရမ်းကိုအေးချမ်းကြောင်း ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

မေမေမျိုး ဘယ်မှာ တရားသွားအားထုတ်လဲလို့ မေးထားတဲ့ ပရိသတ်တွေကိုလည်း ရောက်လေရာမှာ တရားထိုင်တဲ့အကြောင်း မယ်လိုဒီက ပြန်လည်မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ် ။ ပရိသတ်တွေကတော့ အခုလို စိတ်ရောလူရော အေးငြိမ်းစေမယ့် အလုပ်ကို သဘောကျနေတဲ့ မယ်လိုဒီအတွက် သာဓုတွေအများကြီးခေါ် ဆိုခဲ့ကြပါတယ် ။

Source : Melody
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x