သီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုလေ့ရှိတဲ့ဟဲလေးကတော့ ပရိသတ်တွေရဲ့အချစ်ကိုရရှိထားပြီး အနုပညာသက်တမ်းဆယ်စုနှစ်(၂)စုကျော်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဟဲလေးကတော့အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။
သူကတော့လက်ရှိအချိန်မှာ သီချင်းအသစ်တွေရေးသားသီဆိုကာပရိသတ်တွေကို ချပြလေ့ရှိသလို အခြားသောအနုပညာရှင်မောင်နှမတွေအတွက်လည်း သီချင်းတွေကိုဖန်တီးရေးသားနေသူတစ်ယောက်ပါ။ အနုပညာသက်တမ်းအတွင်းမှာရှိခဲ့တဲ့ အမှတ်တရတစ်ခုကိုလည်း ဒီနေ့မှာ ပရိသတ်တွေကိုမျှဝေခဲ့တာပါ။ ဟဲလေးကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဦးအောင်ရင်စီစဉ်တဲ့ မလေးရှားနဲ့..စင်ကာပူ2008ခုနှစ်သြက်န်သွားဆိုတုန်းကပုံလေးတွေကိုကျော့်ဆီကပြန်ရလို့..မိန်းမမရခင်..လပိုင်းအလိုလေးပေါ့” ဆိုပြီးတော့ ရေးသားကာပုံလေးတွေနဲ့အတူမျှဝေခဲ့ပါတယ်။
ဒီခရီးစဉ်ထဲမှာတော့ ပရိသတ်ချစ်တဲ့အခြားသောအနုပညာရှင်တွေဖြစ်တဲ့ အောင်ရင်၊နန်းဆုရတီစိုးနဲ့ ကော်နီတို့လည်း ပါဝင်တာဖြစ်ပါတယ်။ ဟဲလေးကတော့ အနုပညာရှင်မောင်နှမတွေနဲ့ပြည်ပမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့အမှတ်တရပုံလေးတွေကိုမျှဝေခဲ့တာပါ။
Source : NaingLinAung