မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်ရပ်တည်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်နေပါပြီ။ ပရိသတ်တွေကရွှေကစ်လို့ချစ်စနိုးခေါ်တဲ့မင်းသမီးချောလေးကတော့ ကိုဗစ်ကာလတွင်းမှာ လှူဒါန်းမှုများစွာလုပ်ခဲ့ပါတယ်။ အခုတစ်ခါမှာတော့ ထူးခြားတဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါတယ်။
ရွှေကစ်ကတော့ Mask လေးတွေကိုကိုယ်တိုင်ကြိုးကြိုးစားစားချုပ်လုပ်ပြီးလှူဒါန်းမှုပြုခဲ့တာပါ။ အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာရေးသားဖော်ပြလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ “Stay at Home မှာ ကစ် Team နဲ့ အတူတူ ကစ် ကိုယ်တိုင် Mask လေးတွေ ချုပ်ပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖြစ်ပါတယ်။ စက်မချုပ်တတ်ပေမယ့် သေချာလေး ကြိုးစားပြီး ချုပ်ထားပါတယ်။ ကစ်နာမည်လေးလည်း ပါတော့ အမှတ်တရပေါ့…” ဆိုပြီးတော့ ရေးသားခဲ့တဲ့အပြင် ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေခဲ့ပါတယ်။
အိမ်မှာနေပြီး အလုပ်တွေနားထားရတဲ့အခုလိုကာလကြီးမှာ ရွှေကစ်ကတော့ အချိန်ကိုအကျိုးရှိအောင်အခြားသူတွေအတွက်လည်းအကျိုးရှိအောင်ပြုလုပ်ခဲ့ပါတယ်။ Mask လေးတွေမှာတော့ လို့ Kit နာမည်ရေးထားပြီး ရွှေဂုံတိုင်ကလေးပြုစုရေးဌာနမှာတော့ (၃၀၀)တိတိလှူဒါန်းခဲ့ပြီး အခြားနေရာတွေမှာလည်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။
Source : WuttHmoneShweYi