ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသား ခန့်စည်သူကတော့ သူကိုယ်တိုင် ဦးဆောင်တဲ့ မေတ္တာသိင်္ဂဟ အဖွဲ့နဲ့အတူ အလှူအတန်းတွေ မကြာခဏ ပြုလုပ်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဒီနေ့မှာ အလှူလေးတစ်ခု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။
သရုပ်ဆောင်ခန့်စည်သူနဲ့ အခြား အနုပညာမောင်နှမများကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဝန်ထမ်းများကို သွားရောက်လှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ် ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဝန်ထမ်းများအတွက် ရွှေလက်စွပ် ရွှေနားကပ် ဆန်ဆီနဲ့ စားသောက်ကုန်များသွားရောက်လှူဒါန်းခဲ့တာပါ ။ ခန့်စည်သူနဲ့ အနုပညာမောင်နှမ တစ်စုရဲ့လှူဒါန်းမှုပုံရိပ်လေးတွေကို Cele Gabar မီဒီယာက သွားရောက် ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။
ပရိသတ်တွေကတော့ အလှူရေစက် လက်နဲ့မကွာ အမြဲလှူဒါန်းနေတတ်တဲ့ ခန့်စည်သူရဲ့ အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြသလို ဒီထက်မက လှူနိုင်ပါစေ ဆိုတဲ့ ဆုမွန်ကောင်းတွေ အများကြီး ပေးခဲ့ကြပါတယ် ။ ခန့်စည်သူကို လေးစားချစ်ခင်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း Cele Gabar မီဒီယာက ရိုက်ကူးခဲ့တဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။
Source : Cele Gabar
Emily ( Cele Gabar )