ပရိသတ်တွေချစ်တဲ့ နိုင်ငံကျော်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ သူမရဲ့မွေးရပ်မြေလေးကို တမ်းတမ်းတတ လွမ်းနေတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ ဘယ်သူ မဆို ကိုယ့်ရဲ့မွေးရပ်ဇာတိကို ချစ်ခင်တတ်ကြတာသဘာဝပဲမို့ မခိုင်ကြီးကလည်း သူမရဲ့ မွေးရပ်ဇာတိမြေလေးကို လွမ်းနေတာ ဆန်းတော့ မဆန်းပါဘူးနော် ။
ရန်ကုန် ကနေ ကောင်းကင်ကြီးကို မော့ကြည့်တော့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ မိုးကုတ် က ကောင်းကင်ကြီးနဲ့ တူတယ်လေ ဆိုတဲ့စာသားလေးနဲ့အတူ ကောင်းကင်ကြီးကိုမော့ကြည့်ရင်း မွေးရပ်မြေလေးကို လွမ်းနေတဲ့အကြောင်း သူမရဲ့ပုံလေးနဲ့အတူ ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ဒါ့အပြင် ဇာတိမြေ မိုးကုတ်မြို့ က ရဟန်းရှင်လူ မိဘ ဆရာသမားတွေ ကျောင်းနေဖက်သူငယ်ချင်းတွေ နဲ့ မြို့သူမြို့သားတွေ အားလုံး …အန္တရာယ် အပေါင်းမှ ကင်းဝေး ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးတယ် ။
တပ်မတော်မှအပစ်အခတ်ရပ်စဲပေးထားမှုကို အခွင့်ကောင်းယူကာ နယ်မြေကျော်လွန် ဝင်ရောက်လာတဲ့ TNLAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းများ မိုးကုတ်မြို့အနီးဓာတ်တော်တောင်ဖက်တွင် တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းကြောင့် မိုးကုတ်မွေးရပ်ဇာတိမြေက အနုပညာရှင်တွေ က ဇာတိမြေလေး အေးချမ်းဖို့နဲ့ မြို့သူ မြို့သားတွေကို စိတ်ပူတဲ့အကြောင်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ကြတာပဲဖြစ်ပါတယ် ။
Source : Htun Eaindra Bo
Emily (Cele Gabar)