ပိုပိုကတော့ ပရိသတ်အချစ်တော် လူငယ်အဆိုတော်တွေထဲကတစ်ယောက် ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေးပိုပိုကတော့ ကိုယ်ပိုင်အနုပညာအရည်အချင်းအပြည့်ရှိသလို ကိုယ့်ထူးကိုယ်ချွန်ကြိုးစားလာတဲ့သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့လေးစားအားကျခြင်းကိုခံရသူပါ။ ဒါ့အပြင် လိုအပ်တဲ့နေရာတွေမှာလှူဒါန်းလေ့ရှိပြီး ဘာသာရေးကိုင်းရှိုင်းသူလည်း ဖြစ်ပါတယ်။
အခုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မနက် မိုးလင်းတာနဲ့ ပဋ္ဌာန်း ပရိတ်ကြီး ၁၁ သုတ် ကို ဖုန်းနဲ့ Youtube ကနေဖွင့်ထားလိုက်တယ် ပြီးတော့ မနက်စာ အရင်စားတယ် စားပြီးတာနဲ့ ကျမနဲ့ ကျမညီမလေးဟာ တန်းဆွမ်းမှီအောင် အမြန် လှီးချွတ် ဆွမ်းချက်တော့တာပဲ ဆွမ်းချက်ပြီး သန့်ရှင်းရေးလုပ် ၉ နာရီ ၄၀ လောက်ဆို တန်းဆွမ်းကြွတယ်…အိမ်အလုပ်များလို့ မပြီးရင် ယောဂီဝတ်စုံ မဝတ်နိုင်ဘူး တွေ့တဲ့ အင်္ကျီ ကောက်စွပ်လိုက်တယ် လုံလုံခြုံခြုံ လှူရဖို့ အရေးကြီးတယ်လေ ဒီနေ့က ငါးသလောက်ချက်တယ်…ဂေါ်ဖီနဲ့ ကြက်ဥကြော်တယ် ပေါင်မုန့်ကြက်ဥကြော် ဘုရားဆွမ်းတော်တင်ပြီး သံဃာများကို လှူတယ် ဆန်ကတော့ ၁ လုံးခွဲ ချက်လှူပါတယ်ရှင့်…ဒါတောင် သံဃာ ၅ ပါးလောက် ဆွမ်းသပိတ်ထဲ မလှူလိုက်ရဘူး…နောက်နေ့ ပိုလှူမယ်လေ …ကဲ ဒီနေ့ ကျမရဲ့ ဆွမ်း ချက်အလှူပြီးပါပြီရှင့်
ဆီပူတွေ ပေါက် လက်တွေ ဓါးရှပြီးမလှတော့ရင်တောင် ကုသိုလ်တွေနဲ့ဝမ်းသာပီတိ ဂွမ်းဆီထိပြီး နောက်ဘဝများ လူဖြစ်ခဲ့ရင်လက်ကလေးတွေ အရမ်းတွေ လှနေတော့မလားမသိ …သံဃာတော်တွေ ကျမလှူတဲ့ ဆွမ်းဘုန်းပေးပြီးအေးအေးချမ်းချမ်း သာသနာပြုနိုင်ပါစေဘုရား ကဲ ဒီနေ့မှာ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံး သိန်းတစ်သောင်း ခွဲထိ ပေါက်ကြပါစေသတည်း” လို့ ရေးသားထားတာပါ။ ပိုပိုကတော့ ဆွမ်းလောင်းလှူနေတဲ့ပုံလေးကိုလည်း ပရိသတ်ကိုမျှဝေရင် ထီပေါက်ကြစေဖို့လည်း ဆုတောင်းပေးလိုက်တာပါ။ ပရိသတ်ကြီးရေပိုပိုကတော့ တကယ့်ကို ဘာသာရေးကိုင်းရှိုင်းပြီး သဒ္ဓါတရားထက်သန်တဲ့သူတစ်ယောက်ပါပဲနော်…
Source : ပိုပို