မြန်မာလူမျိုးတို့ရဲ့ အလှူအတန်းတွေနဲ့ထုံမွှန်းနေတဲ့ တန်ဆောင်တိုင်လပြည့်နေ့လေးကတော့ ကြည်နူးဖွယ်ပြီးဆုံးသွားခဲ့ပါပြီ ။ တန်ဆောင်တိုင်လပြည့်နေ့အမှတ်တရအဖြစ် ပံ့သကူအလှူတွေကို အနုပညာရှင်တွေ တော်တော်များများက လှူဒါန်းခဲ့ကြပြီ စမိုင်းလ်တို့ဇနီးမောင်နှံကလည်း သိန်းပေါင်း ရာချီကုသိုလ်ယူခဲ့တယ်လို့သိရပါတယ် ။
လပြည့်နေ့မှာ မရည်ရွယ်ဘဲ မမျှော်မှန်းဘဲ သစ်တံခါးဆရာတော်ဘုရားကျောင်းဆောက်ရန်အတွက် နောက်ထပ်အလှူငွေ သိန်း ( ၅၀၀ ) ကျပ်လှူဒါန်းခဲ့ပြီး မြဝတီမြို့မှာ ပံ့သကူပစ်ရန် အတွက် ( ၅သိန်း ) ကိုအွန်လိုင်းကနေပဲလှူဒါန်းကုသိုလ်ပြုခဲ့တာဖြစ်ပါတယ် ။ ဒါ့အပြင် ဆယ်ပြည့်အောင် ၅၀၅ သိန်း ကို လှူဒါန်းကုသိုလ်ပြုခဲ့တယ်လို့လည်းသိရပါတယ် ။
စမိုင်းလ်ကတော့ အခုလှူရတဲ့ အလှူလေးကြောင့် လူတိုင်းကိုကူညီဆယ်မနိုင်တဲ့မိသားစုဖြစ်ပါရစေဘုရား ဆိုတဲ့ ဆုမွန်ကောင်းလေးကို တောင်းခဲ့ပါသေးတယ် ။ စမိုင်းလ်တို့မိသားစုရဲ့ မွန်မြတ်တဲ့ အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Smile
Emily (Cele Gabar)