ပရိသတ်ကြီးရေ အမွန်းက သူမချစ်သူဖြစ်တဲ့ ပြင်သစ်နိုင်ငံသား Raouf Bac နဲ့ချစ်သူ သက်တမ်း (၅) နှစ်မြောက် နိုဝင်ဘာလ (၃၀) ရက်နေ့မှာ ရွှေလက်တွဲပြီး မင်္ဂလာပွဲလေးဆင်နွှဲခဲ့ပါတယ် ။ ပရိသတ်တွေကို အသိမပေးဘဲ ရုတ်တရက်လက်ထပ်လိုက်တဲ့ အတွက် ပရိသတ်တွေ Surprise ဖြစ်ခဲ့ရပြီး သူမတို့မင်္ဂလာပွဲလေးကို ဂုဏ်ပြုပေးခဲ့ကြပါတယ် ။
ကချင်မလေး ဖြစ်တဲ့အမွန်းကတော့ လွန်ခဲ့တဲ့ ဇန်နဝါရီလကတည်းက နှစ်ဖက်မိဘတွေရှေ့မှာ ကချင်ရိုးရာ ယဉ်ကျေးမှုနဲ့အညီ စေ့စပ်ခဲ့ကြတာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ ပရိသတ်တွေကို Surprise အနေနဲ့မင်္ဂလာဆောင်ပုံရိပ်လေးတွေ ချပြအပြီးမှာ သူမတို့ရဲ့ ကချင်ရိုးရာဝတ်စုံလေးနဲ့ pre-wedding ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။
အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေကအတော့ သူမအတွက် ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ရေးသားခဲ့ကြပြီး ရိုးရာဝတ်စုံလေးနဲ့အရမ်းလှနေတဲ့ အမွန်းတို့အတွဲကို ချီးကျူးစကားတွေရေးသားခဲ့ကြပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း အမွန်းရဲ့ Pre-wedding ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ။
Source : Ah Moon
Emily (Cele Gabar)