နိုင်ငံတော် အတိုင်ပင်ခံရဲ့ Mask ချုပ်ပြိုင်ပွဲမှာ ရရှိတဲ့ဆုကို ဒီနေ့မှာလက်ခံရယူခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

ပရိသတ်ကြီးရေ ဒီဇိုင်နာ မျိုးမင်းစိုးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook Account ကနေ (၂၀၂၀)ပြည့်နှစ် မေလအတွင်းကျင်းပပြုလုပ်ခဲ့တဲ့ Covid -19 ကာကွယ် ထိန်းချုပ်ရေးအိမ်တွင်းဖြစ်ပိတ်စနှာခေါင်းစည်း (Mask ) ချုပ်လုပ်မှုပြိုင်ပွဲမှာ ပြည်သူ့အနှစ်သက်ဆုံး ဒုတိယဆုရရှိခဲ့တာကို ပရိသတ်တွေသိရှိခဲ့ပြီးသားဖြစ်မှာပါ။

ဒီနေ့ ဇူလိုင်လ (၁)မှာတော့ မျိုးမင်းစိုးက ဆုကိုလက်ခံရယူခဲ့ပြီး “ဝမ်းသာပီတိဖြစ်ရသောအမှတ်တရနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပေးအပ်ချီးမြင့်သော ပြည်သူအနှစ်သက်ဆုံးဒုတိယဆု(maskဆု) လက်ဝယ်ရရှိသောနေ့တနေ့ ကျန်တော့်ဘဝရဲ့အထင်ကရမှတ်တိုင်များထဲမှနေ့လေးတနေ့ ” လို့ ဒီနေ့လေးက သူ့အတွက် အမှတ်တရနေ့ရင်လေးတစ်နေ့ဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမတွေကလည်း ဒီဇိုင်နာမျိုးမင်းစိုးအတွက် ဂုဏ်ပြုစကားပြောဆိုနေခဲ့ကြပါသေးတယ်။CeleGabar ပရိသတ်ကြီတွေလည်း ဒီနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ Mask ချုပ်ပြိုင်ပွဲမှာရရှိတဲ့ ဆုကို လက်ခံခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုးအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Myo Min Soe

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x