ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်ပြီဖြစ်တဲ့ အဆိုတော် ရဲနောင်

Posted on

Myanmar Idol Season(2 )ရဲ့ ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်တဲ့ ရဲနောင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ သူဟာ ပြိုင်ပွဲပြီး သွားကတည်းက ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို ရရှိခဲ့ပြီး အခုဆိုရင် အောင်မြင်နေတဲ့ အဆိုတော် တစ်ဦးအဖြစ် အနုပညာ လမ်းကြောင်းကို လျှောက်လှမ်းနေ သူပဲဖြစ်ပါတယ်..။

ဒါ့အပြင်သူ့ထက် (၄)နှစ်ငယ်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားပြီး ချစ်သူကောင်မလေးကို အရမ်းချစ်တယ်ဆိုတာကိုတော့ ပရိသတ်တွေလည်းအားလုံးသိပြီးဖြစ်မှာပါ ။ ချစ်သူကောင်မလေးအတွက် မကြာခဏ Surprise လေးတွေ လုပ်ပေးလေ့ရှိတဲ့ ရဲနောင်ကတော့ လတ်တလောမှာတော့ ချစ်သူကောင်မလေးကိုတင်မက ပရိသတ်တွေကိုပါ Surprise လုပ်လိုက်ပါပြီ ပရိသတ်ကြီးရေ ..။

သူ့ရဲ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းလိုက်ပြီဖြစ်ကြောင်း ရဲနောင်က သူ့ရဲ့မိုင်ဒေးကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ရဲနောင်တို့စုံတွဲလေးကို အားကျနေတဲ့ ပရိသတ်ကြီးကတော့ မင်္ဂလာပွဲလေးကို မြင်ရဖို့အတွက် ရင်ခုန်နေလောက်ပြီထင်ပါတယ်နော် ။

Source: Ye Naing
Emily (Cele Gabar)