ဇဏ်ခီရဲ့ဒုတိယမြောက်စာအုပ်ထွက်ရှိရာတွင်လည်း ပရိသတ်စိတ်ဝင်စားကာကြိုတင်မှာယူမှုအများအပြားလက်ခံရရှိခဲ့

Posted on

ဇဏ်ခီကိုတော့ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့အတူ ပရိသတ်တွေသိကြမှာပါ။ ဇာဏ်ခီကတော့ သရုပ်ဆောင်အဖြစ်နဲ့အနုပညာအရည်အချင်းတွေပြည့်ဝသလို အဆိုတော်၊တေးရေး၊ဇာတ်ညွှန်းရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ရေးထားတဲ့ “ကိုယ်တိုင်သိရှိသွားမှု” ဆိုတဲ့စာအုပ်တစ်အုပ်လည်းထွက်ရှိခဲ့ဖူးပါတယ်။


နောက်ထပ်စာအုပ်ထပ်မံထွက်ရှိလာတော့မယ့်အကြောင်းကို ပရိသတ်တွေကို အသိပေးထားခဲ့ပြီး pre-order မှာလို့ရနေပြီလည်း ဖြစ်ပါတယ်။ အခုဆိုရင် pre-order မှာယူများစွာကို လက်ခံနေရတာလည်း ဖြစ်ပြီး ဇဏ်ခီကတော့ “မနက်က pre-order မှာကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ Order တွေတပြိုင်နက်ထဲတက်ပြီး အရှေ့ပိုင်းမှာ system error ဖြစ်သွားတဲ့အတွက် sorry ပါ။ မှာတဲ့သူတွေအကုန်ရရှိအောင် ဇလပ်နီစာပေကအထူးဂရုစိုက်ပြီးဆောင်ရွက်ပေးနေပါတယ်။ တကယ်လို့လိုအပ်ရင်လည်း ကျနော့်အနေနဲ့လက်မှတ်ထပ်ထိုးပေးဖို့ပြောထားပါတယ်။ အားလုံးကျေးဇူးပါခင်ဗျ။” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။


ပရိသတ်တွေကတော့ ဇဏ်ခီရဲ့ဇာတ်ကားကောင်းတွေကို အားပေးခဲ့ကြသလို စာအုပ်ထွက်ရှိတဲ့အခါမှာလည်း အားပေးမှုများပြားခဲ့ပါတယ်။ အခုဆိုရင် “စံ” ဆိုတဲ့ ဒုတိယမြောက်စာအုပ်ကတော့ ပရိသတ်တွေကြားစိတ်ဝင်စားမှုများပြားကာ ကြိုတင်မှာယူမှုများစွာရှိနေပါတယ်။
Source : ZennKyi