ကိုယ်တိုင်ထုတ်လုပ်ရောင်းချတဲ့အင်္ကျီတွေရဲ့ အမြတ်ကိုပြန်လည်လှူဒါန်းသွားမယ်ဆိုတဲ့ ပိုးကြာဖြူခင်

ပရိသတ်ချစ်တဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ သရုပ်ဆောင်ပိုင်းမှာအရည်အချင်းအပြည့်အဝရှိတယ်ဆိုတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ အခုဆိုရင် ဂီတဘက်ကိုခြေလှမ်းလာသလို ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုလည်း ရရှိထားပါတယ်။ ပရိသတ်တွေချစ်စနိုးနဲ့ဆိုင်းမိုင်လို့ခေါ်တဲ့ ပိုးကြာဖြူခင်ကတော့ Hoodie တွေကို ကိုယ်ပိုင်ထုတ်လုပ်ရောင်းချဖို့အတွက်လည်း ကြိုးစားနေတာပါ။


ဒီလိုရောင်းချရာမှာတော့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေလည်း ပါဝင်နေတာဖြစ်ပြီး “အင်္ကျီရောင်းရငွေရဲ့အမြတ်ကို Covid 19 ကုသရေးအတွက် အသုံးပြုလှူဒါန်းသွားပါမယ်ရှင် ဆိုင်းမိုင် အခု ဆိုင်းမိုင် ရဲ့ စိတ်ကူးလေးနဲ့ ဖန်တီးဖြစ်ခဲ့တဲ့ ပထမဆုံး ကိုယ်ပိုင် Hoodie လေးအကြောင်း ပြောပြချင်ပါတယ်…Hoodie ဆိုတာက ယောက်ျားလေးရော မိန်းကလေးရော ကြိုက်ကြတဲ့ fashion တစ်ခုလည်းဖြစ်တာဆိုတော့ fans တွေအားလုံးနဲ့လည်း အဆင်ပြေနိုင်တာကြောင့် Hoodie Fashion လေး လုပ်ဖြစ်ခဲ့ပါတယ်…ဒါက ဆိုင်းမိုင်အနေနဲ့ ပထမဆုံးထုတ်ဖြစ်တာလည်း ဖြစ်တော့ ဆိုင်းမိုင်ကိုယ်တိုင်အတွက်ရော ပရိသတ်တွေအတွက်ရော အမှတ်တရလည်း ဖြစ်စေချင်တာမို့ ဒီ ဒီဇိုင်းလေးကို စဉ်းစားဖြစ်ခဲ့ပါတယ်… ” ဆိုပြီး ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားတာပါ။


အကျီၤဒီဇိုင်း(၂) ခုကိုတော့ Seng Mai နဲ့ Crown ဆိုပြီးတော့ နာမည်ပေးထားတာဖြစ်ပြီး ဆိုင်းမိုင်ရဲ့Facebook Page လေးမှာ မှာယူအားပေးလို့ရကြောင်းသိရပါတယ်။ ဆိုင်းမိုင်ကိုယ်တိုင်လည်း ဝတ်ပြထားတဲ့ဒီဇိုင်းလေးတွေကတော့ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျနေတာပါ။ ရောင်းရငွေကိုလည်း လှူဒါန်းသွားမယ်လို့အတိအလင်းပြောထားတာကြောင့် စိတ်ထားကောင်းတဲ့သူလေးလို့ဆိုရမှာပါပဲနော်…
Source : PoeKyarPhyuKhin

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x