ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြန်တဲ့ မေလသံစဉ်

Posted on

မေလသံစဉ်ကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုသာမက ပရိသတ်အချစ်ကိုပါရယူထားနိုင်သူလေးပါ။ သူကတော့ ဂီကကိုခုံမင်သူတစ်ယောက်ဖြစ်ပြီး သီချင်းအဆိုပိုင်းမှာပိုင်နိုင်တဲ့အပြင် သီချင်းတွေကိုကိုယ်တိုင်ရေးစပ်သီကုံးနိုင်သူလည်း ဖြစ်ပါတယ်။ သူကတော့ ကိုဗစ်ကာလအတွင်းမှာ ကူညီထောက်ပံ့မှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာကို မြင်တွေ့ရမှာပါ။


အခုဆိုရင်လည်း ကိုဗစ်အတွက် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့အကြောင်းကို ပရိသတ်တွေကို ဖေ့ဘွတ်ခ်ကနေတစ်ဆင့်ပြန်လည် မျှဝေလာခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အရှေ့ဒဂုံ COVID19 ကာကွယ် ထိန်းချုပ် စောင့်ရှောက်ရေးနှင့်ကူညီထောက်ပံ့ရေးကော်မတီအတွက် PPEဝတ်စုံများ၊ လက်အိတ်များ၊ဆေးဖျန်းပုံး ဆေးရည်နဲ့ Mask များ စုစုပေါင်း (၅)သိန်း(၅) ထောင်ကျပ်ဖိုး လှူဒါန်းခဲ့ပါသည် အားလုံးပဲ မေလ အမြဲမှာနေကျ စကားလေး………..ကျန်းမာရေးဂရုစိုက်ကြပါနော်” ဆိုပြီးတော့ ရေးသားဖော်ပြထားတာပါ။


မေလကတော့ အလှူပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကိုပြန်လည်မျှဝေခဲ့ပါတယ်။ မေလကတော့ ပြန်ဆိုတေးတွေကြောင့်လည်း လူသိများသလို ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းလည်း ရှိသူမို့ပရိသတ်တွေကတော့ အနုပညာခြေလှမ်းအသစ်တွေကိုမျှော်နေကြမှာပါ။ အခုလည်း ကိုဗစ်အတွက်တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုနေတာကတော့ လေးစားစရာပါပဲနော်…
Source : မေလသံစဉ် May Melody