မင်္ဂလာလက်ဖွဲ့တွေကြောင့် မင်္ဂလာပွဲပြီးထဲက အိမ်မပြန်ဖြစ်တဲ့အကြောင်း ပြောပြလာတဲ့ နိုင်းဝမ်း

လူငယ်အဆိုတော်တစ်ယောက်ဖြစ်တဲ့နိုင်းဝမ်းကတော့ စလုံးကချစ်သူ သီချင်းနဲ့ပရိသတ်တွေအားပေးကြမ်းခဲ့ကြတဲ့ ဟစ်ဟော့ အဆိုတော်တစ်ယောက်ပါ ။ မကြာသေးမီက ချစ်သူနဲ့လက်ထပ်ပွဲလေးလေးပြုလုပ်ခဲ့ပြီး ရင်းနှီးတဲ့အနုပညာရှင်တွေက တက်ရောက်ခဲ့ကြသလို ချစ်သူနဲ့ထာဝရလက်တွဲခွင့်ရခဲ့တဲ့အတွက် နိုင်ဝမ်းက အရမ်းကိုပျော်ရွှင်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မကြာခဏ ပရိသတ်တွေကို မျှဝေပေးနေတာပါ ။

လတ်တလောမှာတော့ မင်္ဂလာပွဲပြီးထဲက ရထားတဲ့ လက်ဖွဲ့တွေကြောင့် အိမ်တောင် မပြန်ဖြစ်တော့တဲ့ အကြောင်း ပရိတ်တွေကို အသိပေးလာခဲ့ပါတယ် ။ ချစ်မိတ်ဆွေကြီးတွေလက်ဖွဲ့တဲ့ ဟိုတယ်တည်းခိုခွင့်လက်ဆောင်တွေနဲ့ ဟန်းနီးမွန်းပတ်ထွက်နေလို့ မင်္ဂလာပွဲပြီးကတည်းက အိမ်ကိုမပြန်ရသေးဘူး ဆိုတဲ့စာသားလေးနဲ့ အသစ်စက်စက် ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ ညားကာစ ဇနီးမောင်နှံရဲ့ ပျော်မဆုံးတဲ့ ပုံတွေကြောင့် အကဲပိုနေတယ်လို့ စနောက် မှတ်ချက်တွေပေးထားကြပါသေးတယ် ။ နိုင်းဝမ်းတစ်ယောက်ကတော့ ချစ်ရသူနဲ့ လျှောက်လှမ်းရတော့မယ့် ဘဝခရီးအတွက် ပျော်မဆုံးဖြစ်ပြီး အကဲတွေ ပိုနေပါပြီ ပရိသတ်ကြီးရေ ..။

Source : Kyaw Zin Latt
Emily (Cele gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x