သားဂန်းရဲ့ ပုံလေးကို နောက်ခံထားပြီး ချစ်စရာကောင်းအောင် Tik Tok ဆော့ကစားလိုက်တဲ့ ဘေဘီမောင်

Posted on

ပရိသတ်တွေရဲ့အချစ်တော် ဘေဘီမောင်ကတော့ လတ်တလောမှာ ချစ်သူသားဂန်းရဲ့ ပုံလေးကို နောက်ခံထားပြီး Tik Tok ဆော့ကစားလိုက်ပါတယ်။ ဘေဘီမောင်ကတော့ အနုပညာလောကမှာ မော်ဒယ်လ်သရုပ်ဆောင် မင်းသမီး တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့ အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပါ။

သားဂန်းကလည်း အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး ဘေဘီမောင် နဲ့ သားဂန်းတို့စုံတွဲလေးကတော့ ပရိသတ်တွေသဘောကျနှစ်သက်မှုကို ရရှိထားတဲ့ အနုပညာရှင် စုံတွဲတွေထဲမှာပါဝင်တဲ့ ချစ်စရာစုံတွဲလေးပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ သဘောကျ Tik Tok လေးတွေကို ဆော့ကစားပြီး အခုတစ်ခေါက်မှာတော့ ချစ်သူသားဂန်းရဲ့ ပုံလေးကို နောက်ခံထားပြီး ချစ်စရာကောင်းလောက်အောင် Tik Tok ဆော့ကစားလိုက်တာပါ။

အဆိုတော် ဦးလွှမ်းမိုးရဲ့ နာမည်ကြီး သီချင်းနဲ့ Tik Tok ဆော့ကစားခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ဘေဘီရဲ့ ဒီ Tik Tok လေးကို သဘောကျနှစ်သက်နေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဘေဘီမောင်ရဲ့ သားဂန်းပုံလေးကို နောက်ခံထားကာ ဆော့ကစားခဲ့တဲ့ Tik Tok ဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Baby Maung