သီချင်းဆိုပြိုင်ပွဲတွေအကုန်လုံးကို လုပ်ပွဲတွေမို့ အထင်မကြီးဘူးဆိုတဲ့ ခြူးစစ်ဟန်

Posted on

ခြူးစစ်ဟန်ကတော့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေး မှုရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို miss အလှမယ်တစ်ယောက်လည်းဖြစ်ပါတယ် ။ လတ်တလောမှာတော့ခြူးစစ်က သီချင်းဆို ပြိုင်ပွဲတွေ အားလုံးက လုပ်ပွဲတွေကြီးပဲမို့ ဘယ်ပြိုင်ပွဲမှ ကိုအထင်မကြီးတော့ဘူးလို့ဆိုလာပါတယ် ။ vote နဲ့လဲမဆိုင်သလို အားလုံးက သူတို့လက်ထဲမှာပဲ သူတို့ပေးချင်တဲ့သူလျှောက်ပေးနေတာလို့ရေးသားဖော်ပြခဲ့ပါတယ် ။

ဒိုင်တေကလဲ ရုပ်ပြပဲ ကျောက်ရုပ်လိုပဲ သူတို့လဲ ဘာမှမတက်နိုင်ကြဘူး စီးပွား ရေးက စီးပွးရေးပါပဲ တကယ်အရည်ချင်းရှိတဲ့ သူတွေရေ ဘာပြိုင်ပွဲမှမပြိုင်ကြပါနဲ့ စိတ်ကောလူကောပင်ပန်းပီး အဖြည့်ခံဘဝတွေနဲ့ အားဖြည့်အချိုရည်တွေဖြစ်နေပါ့မယ် ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံမနစ်ပါဘူးရှင် အကောင်းဆုံးကြိုးစားကြပါလို့ပဲ အားပေးချင်ပါတယ် ဆိုတဲ့စာသားလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားထားတာပါ ။

အဲဒီလိုပြောရင် လာဆဲကြဦးမယ်ဆိုတာ သိပေမယ့် မနေနိုင်ဘဲ ပြောမိတဲ့အတွက် အမှန်တရားကနဲနဲတော့ခါးတယ် အမှန်ပြောတော့လူမုန်းများကြတယ် လို့လည်း ရေးသားထားပါသေးတယ် ။ သူမရဲ့ပရိသတ်တွေကတော့ ခြူးစစ်ဘက်ကနေ ထောက်ခံနေကြတာတွေ့ရပါတယ် ။

Source : Chue Sitt Han
Emily (Cele Gabar)