ကိုရီးယားသီချင်းကို Cover ပြန်ဆိုရာမှာ ပရိသတ်တွေအားပေးမှုရနေတဲ့ ဝိုင်းလေး

Posted on

ဝိုင်းလေးကတော့ နာမည်ကြီး လူငယ်ကြိုက်အဆိုတော်တွေထဲကတစ်ယောက်ဖြစ်သလို အလှမယ်၊ မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ ထွက်ရှိထားတဲ့ သီချင်းအယ်လ်ဘမ်တွေမှာ ပရိသတ်အကြိုက်သီချင်းတွေနဲ့ဖမ်းစားခဲ့သလို အခုလည်း နိုင်ငံခြားဘာသာစကားနဲ့သီချင်းတွေကို Cover သီချင်းသီဆိုလေ့ရှိတာပါ။


အခုလည်း တောင်ကိုရီးယားသီချင်းတစ်ပုဒ်ကိုသီဆိုထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ချီးမွမ်းမှုကိုရရှိနေတာပါ။ သီချင်းကတော့ “Goblin” ဆိုတဲ့ ဒရမ်မာဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်ပြီး အဆိုတော် Aileeရဲ့ (I will go to you like the first snow) ဆိုတဲ့သီချင်းဖြစ်ပါတယ်။ ဝိုင်းလေးကတော့ ကိုရီးယားဘာသာစကားနဲ့ ပရိသတ်တွေစီးမျောခံစားရလောက်အောင် သီဆိုသွားနိုင်တာပါ။


ဒီသီချင်းကတော့ ပရိသတ်တွေရုပ်ရှင်ဇာတ်ကားထဲမှာကြာဖူးတဲ့သီချင်းတစ်ပုဒ်လည်း ဖြစ်မှာပါ။ ဝိုင်းလေးပြန်လည်သီဆိုရာမှာလည်း ပရိသတ်တွေအကြိုက်တွေ့တာကြောင့် မှတ်ချက်ကောင်းတွေလည်း ရရှိနေတာပါ။ သီချင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…

Source : WyneLay