ပရိသတ်အချစ်တော် အဆိုတော် မိုးမိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ငွေကျပ် တစ်သိန်းနဲ့ နေစား စရိတ်ငြိမ်း အိမ်အကူခေါ်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခံခဲ့ရပါတယ် ။ ဒါ့ကြောင့် မိုးမိုးက အိမ်အကူ ခေါ်တဲ့ post မှာ နေ စား စရိတ်ငြိမ်း ၁ သိန်း ပေးမယ်လို့ပြောလို့ အခြေခံလစာထဲ ဘောင်မဝင်လို့ ပြောနေတဲ့.ဆရာ ဆရာမကြီးများအတွက်… ပြန်ပြင်လိုက်ပါပြီဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ပညာသားပါပါ ပြန်လည် တုံ့ပြန်ရေးသားခဲ့ပါတယ် ။
လစာ ၁၇၀၀၀၀ ပေးပါမယ်..နေစား စရိတ်မငြိမ်းတော့ပါ ကျွန်တော့အိမ်မှာ နေရပါမယ် အိမ်လခ .၄၀၀၀၀ ပြန်ပေးရပါမယ် ထမင်းဖိုး ၃၀၀၀၀ ပြန်ပေးရပါမယ် ၃ နပ်ကျွေးပါ့မယ် ကောင်းကောင်းအိပ် ကောင်းကောင်းစားရပါမယ် အိမ်မှာမနေချင်လို့တော့မရပါ အိမ်အလုပ်တွေလုပ်ရမှာမို့ မနက်လာ ညပြန် အဆင်မပြေပါ အိမ်ကထမင်း မစားချင်ဘူး ဆိုလဲ ကြိုက်တာစားပါ. အဲ့လိုဆို ရပြီလားဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ပညာတတ်ပီပီ ပညာတတ်နည်းနဲ့ပြန်လည် ပြောင်းလဲ ရေးသားခဲ့တဲ့အတွက် မိုးမိုးရဲ့ ပရိသတ်တွေကတော့ သဘောအကျကြီး ကျနေကြပါတယ် ။
တခြား လိုအပ်တာလေးတွေရှိရင်လဲ ထပ်မံဖြည့်စွပ် အကြံဉာဏ်ပေးကြပါဦး ဆရာ ဆရာမတို့ရေလို့လည်း ခပ်ထေ့ထေ့လေးရေးသားထားပါသေးတယ် ။ မိုးမိုးကတော့ နဂိုထဲက စကားတတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ရိုင်းစိုင်းတာတွေမပါဘဲ အလိမ္မာနည်းလေးနဲ့ပြန်လည်ချေပလိုက်တာပါ ပရိသတ်ကြီးရေ ..။
Source : Moe Moe
Emily (Cele Gabar)