လွန်ခဲ့တဲ့(၈) နှစ်ကပျော်စရာအမှတ်တရလေးတစ်ခုကိုပြောပြလာတဲ့ မြနှင်းရည်လွင်

Posted on

မြန်မာဆန်ဆန်အလှလေးကိုပိုင်ဆိုင်ထားတဲ့မြနှင်းရည်လွင်ကတော့ ပရိသတ်တွေချစ်ရတဲ့မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲတွေမှာမကြာခဏတွေ့ရတာကြောင့် ပရိသတ်တွေနဲ့လည်းရင်းနှီးပြီးသားဖြစ်မှာပါ။


သူကတော့ အနုပညာလှုပ်ရှားမှုတွေကိုပရိသတ်တွေကိုမျှဝေလေ့ရှိသူဖြစ်ပြီး ဒီနေ့မှာလည်း အမှတ်တရတစ်ခုကိုပြောပြလာခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်လေးမှာ ၈နှစ်ရှိပြီ ဒီနေ့ဒီအချိန် ပျော်ခဲ့ရတဲ့အမှတ်တရတွေထဲကတစ်ခု အကယ်ဒမီဗန်းကိုင် ဆိုပြီးတော့ ရေးသားဖော်ပြလာပါတယ်။ အကယ်ဒမီဆုပေးပွဲကြီးမှာ ပါဝင်ခွင့်ရဖို့ကတော့ အနုပညာလောကကိုဝင်မယ့်သူတွေအတွက် မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။


မြနှင်းရည်လွင်ကတော့ ကျရာဇာတ်ရုပ်တိုင်းမှာပီပြင်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူပါ။ တစ်ချိန်ကအနုပညာလောကထဲကိုရောက်ရှိလာခဲ့တဲ့ပျော်စရာအမှတ်တရလေးကိုတော့ ပြန်လည်မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။
Source : MyaHninYeeLwin