နားလည်ရခက်တဲ့သူ့ရဲ့စိတ်ကို မငြိုငြင်ဘဲ အခင်အမင်မပျက်ရှိနေသူတွေအကြောင်းကို ပြောပြလာတဲ့ ဟန်ထူးလွင် ( ကျားပေါက်)

ပရိသတ်အချစ်တော် အဆိုတော် ကျားပေါက် ကတော့ အများနဲ့မတူဘဲ တမူးထူးခြားတဲ့ အမူအကျင့်တွေနဲ့ ကိုယ်ယုံကြည်ရာကို အမြဲလုပ်တတ်တဲ့ သူတစ်ယောက်ပါ ။ လတ်တလောမှာတေ့ာ သူအပေါ် အမြဲတမ်းနားလည်ပေးပြီး တန်ဖိုးထားတဲ့သူငယ်ချင်းတွေအကြောင်းကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ အပြင်လူတွေကို အားနာတော့တခုခုဆို ဘာကြောင့်ဖုန်းမကိုင်တာပါ ဘာကြောင့်မတွေ့ဖြစ်တာ စသည်ဖြင့် ရှင်းပြတတ်ပြီးသူငယ်ချင်းတွေကျ ဘာမှမရှင်းပြဘဲ missed call အခါတစ်ရာမကိုင် ၊ လာမယ်ပြောပြီးမသွား၊ ချိန်းရင်အချိန်မမှန်ဘူး last minute မှ အစီအစဉ်တွေအကုန်ဖျက်တယ် ၊ တချက်မှမရှင်းပြဘူး မရှင်းပြတော့ သူတို့လည်းမသိဘူးလို့ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမူကျင့်တွေကို ပြောပြခဲ့တာဖြစ်ပါတယ် ။

ဒါပေမယ့် မသိတာဘာမှမဖြစ်ဘူး သူတို့ ကျွန်တော့်ကိုနားလည်တယ်။ သူတို့ဟာကျွန်တော့် ကိုကျောင်းတုန်းထဲက စသိကတည်းက ဘလိုင်းကြီးကိုနားလည်နေတာ။ နားလည်တဲ့လူက ကျွန်တော့်သူငယ်ချင်းဖြစ်သွားတာပါပဲ။ ရှင်းပြနေရတဲ့လူတွေနဲ့လဲအလိုလိုဝေးသွားတဲ့သဘော။ အမှန်တော့ ကျွန်တော်ဟာပေါင်းလို့သင်းလို့ကောင်းတဲ့ကောင်ထဲမပါဘူး ။ ခုနက အချက်တွေအပြင် ၁၀နှစ်လောက် ပျောက်နေပြီးလည်း ဧည့်ခန်းထဲကျနော်ရောက်ချင်ရောက်နေ။ ဘာမှမပြောပဲ guitar ယူတီးမယ် ရေခဲသေတ္တာထဲကဟာတွေအကုန်မွှေနောက်စားမယ် ဘာမှနေရာမှာပြန်မထား။ ပြီးရင်စကားပြောနေတုန်း အိပ်ချင်ထိုးအိပ်သွားမယ်။ middle of conversation မှာ ခေါင်းထဲမှာသီချင်းရေးနေလို့ဆိုပြီး စကားမေးမရတော့တာတွေ။ ရုတ်တရက်ကြီးအားလုံးကိုပြန်ခိုင်းတာ သူတို့သည်းခံရှာပါတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

သူ အပြင်မထွက်တော့ဘူး အခန်းထဲခွေနေပြီဆို သူ့အလိုလိုအမြဲဖုန်းဆက်တဲ့သူ လဲရှိတယ် ဖုန်းဆက်တာမရရင်အိမ်ကိုရောက်လာပြီး ဘာမှမမေးပဲသူ ခွေနေတဲ့ဘေးမှာလာနေပေးတာမျိုးနဲ့ စိတ်ညစ်နေတယ်တစ်ခွန်းပြောစရာမလိုဘူးလို့လည်း သူငယ်ချင်းကောင်းတွေရဲ့အကြောင်းကို ပရိသတ်တွေကိုပြောပြခဲ့တာပါ ။ သူအနေနဲ့တော့ ဘာမှပြန်မလုပ်ပေးနိုင်တဲ့အပြင် ရှိုးလက်မှတ်တောင်သူတို့ဘာသာဝယ်ရတာဖြစ်ပြီး သူကတော့ အထဲရောက်လို့တွေ့ရင်တောင်နှုတ်မဆက်ဘဲ နေတတ်တဲ့အတွက် ကျွန်တော်က ကံကောင်းပြီး ဒီကောင်တွေက ဝဋ်ကျွေးကြီးတာဖြစ်ရမယ် လို့ အရွှန်းဖောက်ရေးသားထားပါသေးတယ် ။

Source : Han Htoo Lwin
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x