ချစ်ရတဲ့ ဇော်ဂျီလေးတွေနဲ့အတူ Private Fan Club တစ်ခုလုပ်တော့မယ့် ကျော်ထက်ဇော်

Posted on

ပရိသတ်အချစ်တော် MRTV-4 မင်းသားလေး ကျော်ထက်ဇော်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ မင်းသားတစ်ယောက်ပါ ။ အထူးသဖြင့် မိန်းကလေးပရိသတ်တွေ အများဆုံးဝန်းရံ အားပေးခံနေရတဲ့ မင်းသားချောလေး တစ်ယောက်လည်းဖြစ်ပါတယ် ။ “အမုန်းမှသည်၊ မိုးကောင်း ကင်အိပ်မက်၊ စိတ်၏ခြေရာ၊ ကြယ်ကလေးရဲ့ကောင်းကင်”စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။

ကျော်ထက်ဇော်ကို အစဉ်အမြဲ အားပေးနေကြတဲ့ အမာခံ ပရိသတ်တွေဖြစ်တဲ့ We Love Zawgyi လို့အမည်ပေးထားတဲ့ သူရဲ့ ဖန်တွေလည်း ရှိနေပါတယ် ။ ကျော်ထက်ဇော်က သူ့ရဲ့ ဖန်တွေကို အမြဲ တလေးတစား ဆက်ဆံတတ်သလို ဖန်တွေကလည်း သူ့ကိုအရမ်း အားပေးချစ်ခင်ကြတဲ့ အတွက် ပရိသတ်တွေနဲ့ ဆက်ဆံရေး အလွန်ကောင်းမွန်တဲ့ မင်းသားတစ်လက်လို့ဆိုရမှာပါ ။ လတ်တလောမှာတော့ ကျော်ထက်ဇော်က ဇော်ဂျီလေးတွေနဲ့အတူ Private Group တစ်ခုနဲ့ Fan Club လေးလုပ်ဖို့ အစီစဉ်ရှိနေတယ်လို့ အသိပေးလာခဲ့ပါတယ် ။

ပရိသတ်တွေနဲ့ တရင်းတနှီး တွေ့ဆုံမယ့် ဒီ Fan Club Group လေးထဲကို ဝင်ချင်တဲ့ ကျော်ထက်ဇော်ရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပါးပေးလိုက်ပါတယ်နော် ။ ဘယ်လိုလဲ ဇော်ဂျီလေးတွေ join ဖို့အဆင်သင့်ပဲလား ??

Source : Kyaw Htet Zaw
Emily (Cele Gabar)