အဖေများနေ့မှာ ငယ်ငယ်ကတည်းက နုပျိုနေတဲ့ ဖေဖေဦးခင်လှိုင်အကြောင်းကို ပရိသတ်တွေကို ကြွားခဲ့တဲ့ သဇင်ထူးမြင့်

ဒီနေ့ ဇွန်လ (၂၁) ရက်နေ့ အဖေများနေ့မှာတော့ အနုပညာရှင် မင်းသားမင်းသမီး တွေ တော်တော်များများဟာ သူတို့ရဲ့ ဖခင်အတွက် အဖေများနေ့အမှတ်တရ စာလေးတွေ ရေးသားခဲ့ကြပါတယ် ။ အဖေတွေရဲ့ ဂုဏ်ကျေးဇူးတွေကို ဒီနေ့မှာ တခမ်းတနားရေးသားပြီး အဖေများနေ့အတွက်ဂုဏ်ပြုခဲ့ကြတာပါ ။

 

ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အဖေများနေ့မှာ Happy Father’s Day ဖေဖေကငယ်ငယ်ကအတိုင်း ခုထိနုပျိုနေတုန်းပဲ ဆိုတဲ့စာသားလေးနဲ့အတူ အသက်၄နှစ်ပြည့်မွေးနေ့က ဖေဖေဦးခင်လှိုင်နဲ့တွဲရိုက်ထားတဲ့ ပုံရယ် ဒုတိယပုံကတော့ ဖေဖေဦးခင်လှိုင်ရဲ့ပွဲဦးထွက်ရုပ်ရှင် ‘ချိုးရုပ်’Red carpet showနေ့ပုံလေးနဲ့အတူ ယှဉ်တွဲပြီး ပရိသတ်တွေကို ဖေဖေဘယ်လောက်နုပျိုကြောင်း ကြွားခဲ့တာပဲဖြစ်ပါတယ် ။

ဦးခင်လှိုင်ကတော့ သဲရဲ့ ပို့စ်အောက်မှာ ဖေဖေရယ် မေမေရယ် မိသားစုကြီးကို ချစ်သော သားတွေသမီးတွေ ဘဝကြီးတိုးတက်အောင်မြင်ပြီ းထာဝရပျော်ရွှင်နေနိုင်အောင်ဖေဖေရယ်မေမေရယ်အမြဲကြိုးစားနေပါ့မယ် ဆိုတဲ့ ကြည်နူးဖွယ်မှတ်ချက်လေးကို ရေးသားထားတာလည်းတွေ့ရပါတယ် ။

Source : Thazin Htoo Myint
Emily ( Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x