The Voice Myanmar Final ပွဲကအပြန် သားလေးက ပန်းချီလေးဆွဲပြီး ကြိုဆိုခဲ့ကြောင်းပြောပြလာတဲ့ အာဇာနည်

Posted on

ပရိသတ်ကြီးရေ နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်သလို ကြည်လင်ပြတ်သားတဲ့အသံနဲ့ အသည်းကွဲ သီချင်းတွေကို ပရိသတ်ရင်ထဲ အရောက်ပို့ပေးနေတဲ့ တေးသံရှင် အာဇာနည်ကတော့ လတ်တလောမှာ The Voice Myanmar အဆိုပြိုင်ပွဲရဲ့ ဒိုင်အဖြစ်ပါဝင် ဆောင်ရွက်နေတာ အားလုံးသိပြီးဖြစ်မှာပါ ။အဆိုကောင်းတဲ့ မျိုးဆက်သစ် လူငယ်တွေကို သူ့မှာရှိသမျှ ပညာတွေ မချွင်းမချန်အားလုံး သင်ကြားပြသပေးခဲ့တဲ့ ဆရာကောင်းတစ်ယောက် ဆိုလည်းမှားမယ်မထင်ပါဘူး ။

မနေ့ကတော့ Final ပွဲကြီးကို ယှဉ်ပြိုင်ပြီးစီးခဲ့ပြီး Team R Zarni အဖွဲ့က N Oo L က Winner ဆုရှင်ဖြစ်ခဲ့တဲ့အတွက် အာဇာနည်ရဲ့ပရိသတ်တွေရော The Voice Myanmar ပရိသတ်တွေရော ပျော်ရွှင်ခဲ့ရတဲ့ ညလို့ ဆိုရမှာပါ ။ ပြိုင်ပွဲအပြီး အိမ်အပြန်မှာတော့ အိမ်မှာ သားလေး ဖစ်ဖစ်တုန်က ဖခင်ဖြစ်သူကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းချီကားလေးတစ်ချပ်နဲ့ ကြိုဆိုခဲ့တယ်လို့သိရပါတယ် ။

အာဇာနည်က သားလေး ဖစ်ဖစ်တုန်ရေးဆွဲထားတဲ့ ပန်းချီကားလေးကို သူ့ရဲ့မိုင်ဒေးကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး သားလေးကိုလည်း ကျေးဇူးတင်ကြောင်းရေးသားထားပါသေးတယ် ။ အာဇာနည်နဲ့ ဖစ်ဖစ်တုန်လေးရဲ့ ချစ်ပရိသတ်ကြီးအတွက် ပန်းချီကား ပုံရိပ်လေးကို ထပ်ဆင့်မျှဝေပေးလိုက်ပါရစေ နော် ။

Source : R Zarni
Emily (Cele Gabar)