ထိုင်းအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ဘန်ကောက်ကိုရောက်ရှိနေတဲ့ဒေါင်း

Posted on

မင်းသားချောဒေါင်းကတော့ဆွဲဆောင်မှုရှိတဲ့အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်ကိုဖမ်းစားထားသူတစ်ယောက်ပါ။ ဒေါင်းကတော့ သရုပ်ဆောင်ပိုင်နိုင်သလို စာပေနဲ့ဂီတကိုချစ်မြတ်နိုးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒေါင်းကတော့ ဖေ့ဘွတ်ခ်ကနေပြီး ပရိသတ်တွေကို စာဖတ်ပြလေ့ရှိပြီး Daung Reading Club Group လေးထောင်ထားပါတယ်။


အခုဆိုရင် ထိုင်းနိုင်ငံနဲ့အတူပူးပေါင်းရိုက်ကူးမယ့်ဇာတ်ကားမှာ ပါဝင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ “ကျွန်တော် ” From Chaophraya to Ayeyarwaddy” ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ Bangkok ကိုရောက်နေပါတယ်။ဒီနေ့နဲ့ဆို Quarantine ဝင်နေတာ ၄ ရက်ရှိသွားပါပြီ။ ဒီဇာတ်ကားက ထိုင်းက အနုပညာရှင်တွေရယ်၊မြန်မာအနုပညာရှင်တွေရယ်အတူပူးပေါင်းပါဝင်ရိုက်ကူးကြမယ့်ကားဖြစ်ပြီး ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးမှာဖြစ်ပါတယ်။

Quarantine ကာလပြီးသွားရင် training လည်းဝင်ရမှာဖြစ်တဲ့အတွက် ကျွန်တော် အချိန်အားရင်အားသလို စာဖတ်ပြတဲ့ live လွှင့်ဖို့ကြိုးစားပါ့မယ်ခင်ဗျ။ပျက်ကွက်မှုများရှိခဲ့ရင်လည်းခွင့်လွှတ်နားလည်ပေးကြဖို့ကြိုတောင်းပန်ပါရစေခင်ဗျ။ဒီကြားထဲမှာစာဖတ်ပြတာနားထောင်ချင်ခဲ့ရင် Daung Reading Club Group ထဲမှာ ဝင်ရောက်နားဆင်နိုင်ကြပါတယ်ခင်ဗျ။” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ နှစ်နိုင်ငံပူးပေါင်းရိုက်ကူးထားတဲ့ကားလေးမှာ ဒေါင်းရဲ့သရုပ်ဆောင်မှုတွေကို မြင်တွေ့ရဦးမှာကြောင့် ပရိသတ်တွေက ရင်ခုန်နေကြမယ်ထင်ပါရဲ့နော်..
Source : Daung