သားလေးက ကလေးလိုကပ်ချွဲခဲ့တဲ့ အချိန်လေးပြန်လိုချင်တယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

Posted on

ပရိသတ်အချစ်တော် ဝါရင့်မင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ်ကတော့ ယနေ့တိုင်ပရိသတ်တွေချစ်ခင်အားပေးနေကြဆဲ အနုပညာရှင်တစ်ယောက်ဖြစ်သလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ ။ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်ကို လည်း ပိုင်ဆိုင်ထားပြီး တစ်ဦးတည်းသော သားလေးမို့အရမ်းချစ်တယ်ဆိုတာကတော့ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါနော် ။

သူမရဲ့ တစ်ဦးတည်းသော သားလေး အောင်ဗိုလ်ကောင်းသန့် က လက်ရှိမှာ အနုပညာအလုပ်တွေ ဝါသနာမပါသေးပေမယ့် အားကစားမှာထူးချွန်ပြီး Golf ပြိုင်ပွဲတွေ တော်တော်များများမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးသလို ဆုတွေလည်းရခဲဖူးပါတယ် ။ သူမရဲ့ သားလေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာထက်မှာလည်း ပရိသတ်တွေကို မကြာခဏ မျှဝေပေးလေ့ရှိပါသေးတယ် ။ လတ်တလောမှာတော့ မေမေ့ ကို ကပ်တဲ့ အရွယ်လေး…ပြန်လွမ်းမိပါတယ်လေ ဆိုတဲ့စာသားလေးနဲ့အတူ သားလေးနဲ့ သူမရဲ့ အမှတ်တရပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။

သားလေးတွေပိုင်ဆိုင်ထားတဲ့ မိခင်တွေဖြစ်တဲ့ သူမရဲ့ ပရိသတ်အချို့ကတော့ သားတွေက ဒီလိုပဲ ကြီးလာရင်သိပ်မကပ်တော့ဘူး ဆိုတဲ့ မှတ်ချက်လေးတွေနဲ့ သူမကိုအားပေးနှစ်သိမ့်နေကြတာလည်းတွေ့ရပါတယ် ။ မခိုင်ကြီးကို ချစ်တဲ့ ပရိသတ်တွေအတွက် မခိုင်တို့ သားအမိ ရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Htun Eaindra Bo
Emily (Cele Gabar)