လွန်ခဲ့တဲ့ (၄) နှစ်ကရိုက်ကူးခဲ့ပြီး ပိုင်ဖြိုးသု သရုပ်ဆောင်ထားတဲ့ အချစ်ရောဂါ Music Video

Posted on

လွန်ခဲ့တဲ့ (၄) နှစ်လောက်က ပရိသတ်တွေအားပေးကြမ်းခဲ့ကြတဲ့ ဘန်နီဖြိုးရဲ့ “အချစ်ရောဂါ” သီချင်း ကို သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့အတူ Music Video လေး ရိုက်ကူးခဲ့ပေမယ့် ပရိသတ်တွေရှေ့ကို ရောက်မလာဘဲ အချိန်ကြာမြင့်နေခဲ့လို့ ပရိသတ်တွေက စောင့်မျှော်နေကြတာပါ ။ LUCKY album ထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒေါက်တာမလေး တစ်ယောက်ကို တစ်ဖက်သတ်ကြွေနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်တွေကို သီချင်းအဖြစ် ပုံဖော်ထားတာပဲဖြစ်ပါတယ် ။


“အချစ်ရောဂါကုပေး … ကိုယ့်ရဲ့ဒေါက်တာမလေး” ဆိုတဲ့စာသားလေးကို ပရိသတ်တွေအတော်လေး သဘောကျခဲ့ကြပြီး ဒီနေ့မှာတော့ ရိုက်ထားတာ ၄ နှစ်ရှိပြီး အခုမှစိတ်ကူးပေါက်လို့ ထတင်ဖြစ်သွားတယ် ဆိုတဲ့စာသားလေးနဲ့အတူ ဘန်နီဖြိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ (၂၀၁၆) ခုနှစ် တုန်းကထွက်ခဲ့တဲ့ ဘန်နီ့ရဲ့ LUCKY album ထဲက “အချစ်ရောဂါ” ဆိုတဲ့သီချင်းလေးကို သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့အတူ ရိုက်ကူးခဲ့တာ ပဲဖြစ်ပါတယ် ။

ပိုင်ဖြိုးသုကလည်း လွန်ခဲ့တဲ့၄နှစ်လောက်ကတည်းကရိုက်ခဲ့တဲ့ Bunny သီချင်း…..အခုတော့ထွက်လာပြီ…. သီချင်းထဲကဒေါက်တာမလေးခမျာ အိမ်ထောင်ကျသွားတာတောင် ၁ နှစ်ကျော်သွားရှာပြီ ဆိုတဲ့စာသားလေးနဲ့အတူ ဘန်နီသီချင်း လေးကို ဝန်းရံထားတာတွေ့ရပါတယ် ။ ဘန်နီရဲ့ Cele Gabar ပရိသတ်ကြီးအတွက် အချစ်ရောဂါ သီချင်း Music Video လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/bunnytheburmese/posts/3078753715572191

Source : Bunny Phyoe
Emily (Cele Gabar)