အမိုက်စားRocker ကြီးတစ်ယောက်အဖြစ်ပရိသတ်တွေအားပေးကြတဲ့လင်းလင်းကတော့ အခုဆိုရင် သီချင်းခွေအသစ်ထွက်ရှိလာတော့မှာပါ။ မသေဆေး လို့နာမည်ပေးထားတဲ့ လင်းလင်းရဲ့သီချင်းအယ်လ်ဘမ်ကတော့ (၅)နှစ်ကြာပြီးနောက်မှ ထွက်ရှိလာတဲ့အယ်လ်မ်တစ်ချပ်ပါ။
လင်းလင်းရဲ့ဂီတဖန်တီးမှုတွေကို စောင့်မျှော်နေကြတဲ့ပရိသတ်တွေကတော့ Pre order တင်ချိန်မှာတင် အားပေးကြမ်းခဲ့ကြပါတယ်။အဲ့ဒီအကြောင်းကို “ပရီအော်ဒါ ၂၀၀ ဟာ ဆယ့်ငါးမိနစ်နဲ့ ကုန်လို့ ၅၀၀ ထပ်တိုးတာလဲ ကုန်သွားပြီး ထောင်ဂဏန်းရောက်သွားတယ်။ အခုထိလဲ တောက်လျှောက် တက်နေလို့ ဝမ်းသာဂုဏ်ယူပါတယ်။ ဒီတော့ ,,,,, ၂၈ ရက်နေ့ထိ မှာသမျှ အော်ဒါတွေကို ရသလောက် လက်မှတ်ထိုးပေးပါမယ်။ ကိုယ့်လူတွေဘဲ မှာနိုင်မလား ? ကျနော်ဘဲ နေ့,ည မနားတမ်း လက်မှတ်ထိုးနိုင်မလား ! တွေ့ကြသေးတာပေါ့ဗျ”ာ ဆိုပြီးတော့ လင်းလင်းက သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။
ဒါ့အပြင် မှာထားတဲ့ အခွေတွေမှာကြိုးစားပမ်းစားလက်မှတ်ထိုးနေတဲ့အကြောင်းကိုလည်း”ဆရာမထံ အိမ်အလုပ်တွေကနေ ၃ ရက်ခွင့်ယူထားတယ် ။ ဟို အချစ်ကလေးနှစ်ယောက်ကိုလဲ အဘိုးအဘွားဆီ အိမ်နှင်ဒဏ် ပို့ထားတယ်,,ကဲ,,,, လာစမ်း ဒီလို အပုံ ၃ ပုံရှိတယ် လက်မှတ်စ,ထိုးပြီ ” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာရေးသားထားပြန်ပါတယ်။ ပရိသတ်တွေကတော့ လင်းလင်းရဲ့သီချင်းအသစ်တွေကို နားထောင်ဖို့အတွက် ရင်ခုန်နေကြပြီထင်ပါရဲ့နော်…
Source : HtweLynnKo