ပရိသတ်တွေချစ်တဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ နီနီခင်ဇော်ကတော့ အခုလိုကိုဗစ်ကာလအတွင်းမှာလည်း အနုပညာဖန်တီးမှုတွေဆက်တိုက်လုပ်နေပုံပါပဲ။ နီနီခင်ဇော်ကတော့ ပါတီခင်ဇော် အယ်လ်ဘမ်ထွက်ရှိပြီးနောက် single သီချင်းတွေ ပရိသတ်တွေအတွက်ဖန်တီးပေးနေတာတွေ့ရပါတယ်။
အခုလည်း ဆောင်းရာသီနဲ့လိုက်ဖက်လွန်းတဲ့ အဆွေးသီချင်းလေးကို ဒီနေ့ညနေ(၆)နာရီမှာ ထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း “ဆောင်း… နီနီရဲ့ Official Youtube Channel မှာ ဦးဦးဖျားဖျားနားဆင်ပါ။ နီနီရဲ့အလုပ်တွေကိုအားတက်သရော(ချက်ချင်း)(အခုဆိုအခု)ဆောင်ရွက်ပေးသော အဖွဲ့ကိုကျေးဇူးတင်ပါတယ်။ ဒီသီချင်းက Call For Collaborationကရရှိထားတဲ့ မျိုးဆက်သစ်တေးရေးပါ။” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။
ဒီသီချင်းလေးကတော့ ချစ်သူကိုသတိရနေပြီး ဆောင်းတွင်းမှာ တစ်ယောက်တည်းဆွေးနေရတဲ့သူတွေကတော့ ခံစားချက်နဲ့တိုက်ဆိုင်မှာ အသေအချာပါပဲ။ ပရိသတ်တွေနားဆင်လို့ရအောင် ပြန်လည်မျှဝေလိုက်ပါတယနော်…
Source : NiNiKhinZaw