သူငယ်ချင်းဖြစ်သူ သွန်းသစ္စာဇော်အတွက် မွေးနေ့ဆုတေင်းပေးလိုက်တဲ့ ဆောင်းဝတ်ရည်မေ

Posted on

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး သွန်းရတီဇော်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သွန်းသစ္စာဇော်ကတော့ “ပျောက်ဆုံးနေသောအမှန်တရား” ရုပ်သံ ဇာတ်လမ်းတွဲမှာပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

သွန်းသစ္စာဇော်ရဲ့ ဒီနေ့မွေးနေ့လေးအတွက်ကိုတော့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေက အသီးသီး မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးနေခဲ့ပြီး မွေးနေ့ဆုတောင်းပေးကြတဲ့ အထဲမှာ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကလည်း အပါအဝင်ပါ။ ဆောင်းဝတ်ရည်မေနဲ့ သွန်းသစ္စာဇော်တို့ နှစ်ယောက်ကတော့ ညီအစ်မအရင်းတွေလို ချစ်ခင်ကြတာလည်း ပရိသတ်တွေသိရှိပြီးားဖြစ်မှာပါ။

ဆောင်းဝတ်ရည်မေက “Happy Birthday ပါ သူငယ်ချင်းမရေ။ မွေးနေမှစ၍ နေ့တိုင်းအပျော်ကြီးပျော်ရပါစေ ” ဆိုပြီး သူငယ်ချင်းဖြစ်သူ သွန်းသစ္စာဇော်ရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း မင်းသမီးချောလေး သွန်းသစ္စာဇော်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ဆုတောင်းပေးခဲ့ပါဦးနော်။

Chilli – CeleGabar
Source – Hsaung Wutyee May