ဘဝမှာဘယ်သူမှမရှိလည်း ဂီတနဲ့ပျော်မွေ့နေသူတစ်ယောက်ဆိုတာ ပရိသတ်တွေကိုပြောပြလာတဲ့ ပိုပို

Posted on

အဆိုတော်ပိုပိုကတော့ သူချစ်တဲ့ဂီတတွေကိုဖန်တီးရင်းပျော်နေတဲ့သူတစ်ယောက်ပါ။ ကိုယ်ပိုင်ဂီတွေကိုတွေဖန်တီးရေးသားသီဆိုကာ ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဘဝကို အောက်ခြေကနေပြီတစ်ယောက်တည်းရုန်းကန်ကာ အခုဆိုရင်အောင်မြင်တဲ့အဆိုတော်တစ်ဦးအဖြစ်ရပ်တည်လာနိုင်တဲ့ပိုပိုကတော့ လေးစားအားကျစရာကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။


ပိုပိုကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေ အတွေးအခေါ်တွေကို ပရိသတ်တွေကို ဖေ့ဘွတ်ခ်ကနေတဆင့်မျှဝေလေ့ရှိသူပါ။ အခုလည်း သူ့ဘဝမှာဂီတကိုချစ်မြတ်နိုးတဲ့အကြောင်းကို ရေးသားဖော်ပြလာပြန်ပါတယ်။ ပိုပိုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဘဝ ဆိုတာ ပျော်အောင်နေတတ်ဖို့ အရေးကြီးဆုံး မင်းဘေးမှာ ဘယ်သူမှ မရှိနိုင်ဘူး။ မရှိလဲ အေးဆေး Music ရှိတယ်” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။


ပိုပိုကတော့သူ့ရဲ့ပုံရိပ်တွေကိုလည်းပရိသတ်တွေကိုမျှဝေပေးခဲ့ပြီး တစ်ယောက်တည်းပျော်ရွှင်နေတဲ့ပုံရိပ်တွေ ဖြစ်ပါတယ်။ ပိုပိုကတော့ အမြဲလိုလိုသီချင်းအသစ်တွေဖန်တီးနေသူဖြစ်ပြီး ဘယ်သူမှမရှိလည်း ဂီတနဲ့ပျော်မွေ့နေသူတစ်ယောက်ဆိုတာ ပရိသတ်တွေကိုပြောပြလာခဲ့ပါပြီ။
Source : ဝတ်ရည်မိုး