ရှေ့ဆက်ပြီး သားလေးရဲ့အနုပညာခရီးမှာ အကောင်းဆုံးပံ့ပိုးပေးသွားပါမယ်ဆိုတဲ့ မေသန်းနု

Posted on

ပရိသတ်ကြီးရေ… မနေ့ကတော့ မဆင့်ကို အမြန်ဆုံးပြန်လည်လွှတ်လာဖို့ဆုတောင်းပေးခဲ့ကြတဲ့ပရိသတ်ကြီး ဆုတောင်းပြည့်ခဲ့တဲ့နေ့လို့ ဆိုရမှာပါနော်။ ငွေကြေးလိမ်လည်မှုကြောင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတဲ့ ထပ်ဆင့်အကယ်ဒမီမေသန်းနုကတော့ မနေ့ကပြန်လည်လွှတ်မြောက်လာခဲ့ပြီး လွမ်းနေကြမယ့်ပရိသတ်ကြီးအတွက် ဗွီဒီယိုလေးတစ်ခုကို မျှဝေခဲ့ပါတယ်။

ဒီဗွီဒီယိုလေးထဲမှာတော့ ပရိသတ်ကြီးနဲ့ ခေတ္တခဏဝေးကွာသွားတဲ့အတွက် တောင်းပန်စကားဆိုခဲ့ပြီး သူ့ဘက်ကအမှားအယွင်းတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင်အကျဉ်းကျနေတဲ့အချိန်မှာ ငွေအား၊လူအားနဲ့သာမက နှုတ်၏ဆောင်မခြင်းနဲ့ကူညီခဲ့ကြတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒါ့အပြင် ဘဝအသစ်ကိုပြန်စတဲ့အချိန်မှာ အမေကောင်းတစ်ယောက်အနေနဲ့ သားလေးရဲ့အနုပညာခရီးမှာ အကောင်းဆုံးပံ့ပိုးသွားဖို့ ဆုံးဖြတ်ထားကြောင်း သူ့ရင်ထဲကခံစားချက်တချို့ကို မျှဝေခဲ့ပါတယ်။

ခင်ပွန်းဟောင်းဖြစ်သူ ဇင်ယော်မောင်မောင်နဲ့သားဖြစ်သူ မင်းသန့်မောင်မောင်တို့ကတော့ မဆင့်အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပြီး မဆင့်ပြန်ထွက်လာရင်နေဖို့အိမ်လေးပါ စီစဉ်ပေးထားခဲ့ပါတယ်။ မနေ့ညကတော့ မင်းသန့်မောင်မောင်တစ်ယောက် မိခင်နဲ့ပြန်လည်ဆုံဆည်းခွင့်ရတဲ့ကြည်နူးစရာအချိန်ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပြီး မိခင်ရဲ့ရင်ဖွင့်စကားသံဗွီဒီယိုလေးကိုပါ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Source – Min Thant Mg Mg
Rainbow- Cele Gabar