တစ်ကမ္ဘာလုံးမှာ တစ်ခုပဲရှိတဲ့မွေးနေ့လက်ဆောင်တွေကို ရရှိခဲ့တဲ့ ထွန်းထွန်း ( Examplez)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄) ရက်နေ့ကတော့ ပရိသတ်တွေကိုကိုထွန်းထွန်လို့ ချစ်စနိုးခေါ်ရတဲ့ ထွန်းထွန်း (Examplez) ရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ထွန်းထွန်းအတွက် ပရိသတ်တွေက မွေးနေ့ ဆုမွန်ကောင်းတွေ အများကြီးပေးခဲ့ကြသလို အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း ကိုကိုထွန်းထွန်းအတွက် မွေးနေ့ ပွဲလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ် ။

အနုပညာရှင်တစ်ယောက်ပီပီ ချစ်တဲ့ ပရိသတ်တွေပေးတဲ့မွေးနေ့လက်ဆောင်တွေ အများကြီးလက်ခံရရှိခဲ့ပါတယ် ။ ဒီနေ့မှာတော့ Super Limited လက်ဆောင်လေးတွေ ရရှိပျော်တယ် မိတ်ဆွေတို့ရေ ဆိုတဲ့စာသားလေးနဲ့အတူ တစ်ကမ္ဘာလုံးမှာ တစ်ခုပဲရှိတဲ့မွေးနေ့လက်ဆောင်တွေကို ရရှိခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ထွန်းထွန်းရဲ့ ပုံတူ ပန်းချီကား ၊ သူ့နာမည်ရေးထိုးထားတဲ့နာရီ ၊ သူ့နာမည်ရေးထိုးထားတဲ့ ရွှေလတ်ပတ်လေးနဲ့ Examplez အဖွဲ့ရဲ့ နှစ်နှစ်ဆယ်ပြည့် အမှတ်တရ တီရှပ်လေးတွေပဲဖြစ်ပါတယ် ။ ကိုကိုထွန်းထွန်းကတော့ ဘယ်မှာမှ မရှိတဲ့ Super Limited လက်ဆောင်လေးတွေကို ရရှိခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်ရကြောင်း ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Htin Aung Tun
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x