လတ်တလောမှာတော့ LGBT တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်က (၃) နှစ်ကျော်တွဲခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မီဒီယာတွေကနေတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ ချစ်သူနဲ့ကွဲတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး သတင်းတွေထဲ ဝေဖန် ရှုံ့ချတာတွေကလဲ ဖတ်တောင် မဖတ်ဝံ့အောင်ဖြစ်ရတယ်လိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။
ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီမို့ ဘာလို့လမ်းခွဲကြတာလဲဆိုတဲ့ မေးခွန်းကို မဖြေချင်တော့သလို ကွဲတာ၂ လနီးပါး လောက်တောင်ရှိပြီဆိုတော့ စိတ်လဲ အနည်ထိုင်စ တည်ငြိမ်စပြုနေပါပြီ လို့ဥက္ကမာင်းမောင်က ဆိုပါတယ် ။ ကျွန်တော့်စိတ်က ခံစားလွယ်တယ် စိတ်နုတယ် မျက်ရည်လွယ်တယ်.. အင်တာဗျူးတွေ ဖြေရင် မျက်ရည်ကျမှာစိုးလို့ တမင် ကွဲပြီးကာစ မှာ မကြေငြာခဲ့တာ.. ပြန်များကြိုက်မလားဆိုပြီးစောင့်နေခဲ့တာ လည်းပါပါတယ်.. ဒါပေမဲ့ လူတွေက အင်တာဗျူးမှာ မငိုတော့လည်းဝေဖန်တယ်.. ငိုလည်းဝေဖန်တယ်.. ကျွန်တော် social media ပေါ် တက်ပြီး ငိုခဲပါတယ်.. ငိုတဲ့အချိန်မှာလဲ ကိုယ့်ပုံကိုယ် ဓါတ်ပုံ အမိအရရိုက်ပြီး Facebook မတင်တတ်ပါ.. ၃ နှစ်တောင်ချစ်ခဲ့တာပဲ.. သံယောဇဉ်တို့ ခံစားချက်တို့ကတော့ ရှိတာပေါ့..လို့လည်း သူခံစားနေရတာတွေကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။
အကြောင်းအရင်းတိုက်ဆိုင်ရင် လမ်းခွဲလိုက်တဲ့ချစ်သူကို သတိရသလို စကြိုက်ကတည်းက တအိမ်ထဲ တူတူနေလာတော့ လွမ်းရပါတယ်တဲ့ ။ ဘာပဲဖြစ်ဖြစ် အခု သူတို့ နှစ်ယောက်ဇာတ်လမ်း ပြီးသွားပြီဆိုတာ နောင်တချိန်မှာ ဘာ အရှူပ်အရှင်းမှ မဖြစ်အောင်လို့ ပြောပြလိုက်တဲ့သဘော ဖြစ်တယ်လို့လည်း ဥက္ကာမင်းမောင်က လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ် ။
Source : Okkar Min Maung
Emily (Cele Gabar)