ကြော်ငြာတွေကနေရတဲ့ အနုပညာကြေးတွေအကုန်လုံးကိုလှူတယ်ဆိုတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးဒီဇိုင်နာတွေထဲကတစ်ယောက်ဆိုတာ ပရိသတ်တွေသိကြမှာပါ။ ကောင်းမွန်တဲ့ဖက်ရှင်လက်ရာတွေကြောင့် နာမည်ကျော်နေသလို ရရှိသမျှငွေကြေးတွေကို အလှူအတန်းလုပ်ရာမှာ အသုံးပြုတာကြောင့်လည်း တကယ့်ကိုလေးစားစရာကောင်းတဲ့သူတစ်ယောက်ပါ။


အခုလည်း သူပြုလေ့ရှိတဲ့အလှူဒါနတွေကို ပြန်လည်မျှဝေလေ့ရှိတဲ့အကြောင်းကို “စိန်ခြယ်ကုမ္ပဏီမုန့်မျိုးစုံရောင်းဝယ်ရေးကချီးမြင့်တဲ့ အနုပညာကြေး(၅)သိန်းကိုကျန်တော့်အမြဲစုနေကြစုဗူးလေးတွေထဲမှာထည့်ပြီးစုဖြစ်ပါတယ်။ လက်ဆောင်ပေးလိုက်တဲ့ဘီစကစ်ဖာတွေအများကြီးကိုလည်းသံဃာတော်တွေသီလရှင်တွေကိုလှူဒါန်းသွားမှာဖြစ်ပါတယ်။ အွန်လိုင်းကြော်ငြာကရရှိခဲ့တဲ့ငွေသိန်း(၅၀)ကျော်ပါပြီ။ တပြားမှကျန်တော့်ကိုယ်ကျိုးအတွက်မသုံးခဲ့ပါဘူးအားလုံးလှူခဲ့တာပါ။

ကျန်တော့်designer အလုပ်ကရတဲ့ငွေများသင်တန်းသင်လို့ရတဲ့ငွေများနဲ့အမြဲတမ်းလှူဒါန်းခဲ့တာ(သိန်း၃ထောင်)တောင်ကျော်ခဲ့ပါပြီ။ ကျန်တော့်ဖက်ရှင်အလုပ်မဟုတ်ဘဲနဲ့ရရှိတဲ့ငွေလေးတွေဆိုကျန်တော့်မကျွမ်းကျင်တဲ့အတွက်ပိုခက်ခဲလို့ပိုပြီးတန်ဖိုးထားမြတ်နိုးမိလို့အမြဲတမ်းကြော်ငြာလို့ရတဲ့ငွေတွေဆိုတပြားတချပ်မှခုထိမသုံးဘူးပါဘူး။ ရရှိခဲ့တဲ့အနုပညာကြေး၁ကျပ်ကိုတောင်(သိန်းတရာ)လောက်ထင်မှတ်ခဲ့တာပါ။ အာ့ကြောင့်အမြဲပိုတန်ဖိုးထားပြီး အကုန်လုံးလှူခဲ့တာပါ။ မဟာမြတ်မုနိဘုရားမှာလည်းကမ္ပည်းပါရွှေပြားတွေချိတ်ဆွဲလှူဒါန်းထားပါတယ်။


စိန်ခြယ်ကုမ္ပဏီမိသားစုလည်းကျန်းမာချမ်းသာပြီးဆထက်တန်ဘိုးတိုးတက်အောင်မြင်ပါစေကြောင်း ကျန်တော့်ရဲ့လှူဒါန်းမှူအစုစုအတွက်နတ်လူသာဓုခေါ်ပါစေသော်….” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားခဲ့တာ ဖြစ်ပါတယ်။ မျိုးမင်းစိုးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေပြုလုပ်လေ့ရှိတာကိုလည်း သတိထားမိကြမှာပါ။ အခုဆိုရင်လည်းကြော်ငြာကရရှိတဲ့အလှူငွေတွေအကုန်လုံးကိုတောင်လှူလိုက်တာပါတဲ့နော်။ တကယ့်ကိုလေးစားစရာကောင်းတဲ့ စိတ်ထားပိုင်ရှင်တစ်ယောက်ပါပဲ…
Source : MyoMinSoe