Miss Universe Myanmar 2020 အဖြစ် ရွေးချယ်ခံရတဲ့ညီမဖြစ်သူအတွက်ဂုဏ်ယူနေတဲ့မေ

မေကတော့ သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်သလို သီချင်းအေးအေးလေးတွေနဲ့ပရိသတ်ကိုဖမ်းစားနိုင်တဲ့သူတစ်ယောက်ပါ။ မေရဲ့ညီမအရင်းဖြစ်တဲ့သူဇာဝင့်လွင်ကတော့ မနေ့ကကျင်းပခဲ့တဲ့ (၈)ကြိမ်မြောက် မယ်စကြာဝဠာမြန်မာပြိုင်ပွဲကြီးမှာ Winner ဖြစ်ခဲ့ပါတယ်။


သူဇာဝင့်လွင်ကတော့ အသားညိုညို မြင့်မားတဲ့အရပ်နဲ့အတူ ဆွဲဆောင်မှုရှိတဲ့မျက်နှာ အချိုးအစားကျတဲ့ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အချိန်အတွင်းမှာလည်း Miss Universe Myanmar 2020 ဖြစ်ဖို့အတွက် ရေပန်းစားနေခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ Final ပွဲကြီးကျင်းပတဲ့အခါမှာလည်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီး Winner အဖြစ်နဲ့ သရဖူကိုရရှိပြီး Miss Universe Myanmar 2020 အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။


မေကတော့ ညီမဖြစ်သူရဲ့အောင်မြင်မှုအတွက် အကြီးအကျယ်ဂုဏ်ယူပျော်ရွှင်နေခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ” မေ့ ညီမလေး Miss Universe Myanmar 2020 ရသွားပါတယ်။Congratulations ငါ့ညီမလေးရေ” ဆိုပြီးတော့ ရေးသားဖော်ပြထားခဲ့ပါတယ်။
Source  : May , Miss Universe Myanmar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x