ဘယ်လောက်စားစားသွယ်လျသောခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ချင်တယ်လို့ ဆုတောင်းလိုက်တဲ့ ပိုပို

Posted on

ချစ်စရာကောင်းတဲ့အဆိုတော်မလေးပိုပိုကတော့ အဆိုပိုင်းမှာလည်း ကျွမ်းကျင်သလို ဘာသာရေးကိုလည်း အလေးထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မကြာခဏဆိုသလို ဆွမ်းလောင်းလှူဖြစ်တဲ့အလှူလေးတွေကို ပရိသတ်တွေကိုမျှဝေပေးလေ့ရှိသူပါ။
အခုလည်းဆွမ်းလောင်းဖြစ်တဲ့အလှူလေးကိုပရိသတ်ကိုမျှဝေရင်း ဆုတောင်းလိုက်တာဖြစ်ပါတယ်။

သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ယနေ့ ငါးကြင်းနဲ့ မျှစ်ချဉ် ဂေါ်ဖီကြော် ငါးချဉ်သုတ် ဆန် ၂ လုံးနီးပါး ချက်လှူပါတယ်ရှင့်…. ဒါန ပြီးတော့ ငါးပါးသီလ ဆောက်တည်ပါမယ်…. ယနေ့ပြုရ ကုသလ ကြောင့် လူချစ်လူခင်ပေါများပြီး ဘေးရန်အသွယ်သွယ်တို့မှ ကင်းဝေးပါရစေဘုရား… သူတော်ကောင်းများနဲ့ သာတွေ့ဆုံ၍ စိတ်ချမ်းသာရပါစေဘုရား နောက်ဆုံး ဆုတောင်းကတော့ ဘယ်လောက်ပဲစားစား သွယ်လျသော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပါရစေဘုရား” ဆိုပြီးတော့ အလှူဒါနပြုတဲ့ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားတာပါ။


ပိုပိုကတော့ လေ့ကျင့်ခန်းတွေလုပ်ပေမဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအရ သွယ်သွယ်လျလျလေးမဖြစ်တာကြောင့် သွယ်လျတဲ့သူတစ်ယောက်ဖြစ်ချင်တဲ့သူပါ။ အခုလည်း သွယ်လျတဲ့ခန္ဓာကိုယ်ဖြစ်ပါစေဆိုပြီး ဆုတောင်းနေတာပါတဲ့နော်…
Source : ပိုပို