ပရဟိတသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ကျေးဇူးတင်ဂုဏ်ပြုထားတဲ့ သီချင်းလေး

Posted on

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်တွေဖြစ်တဲ့ ဖြိုးပြည့်စုံ ၊ဇာနည်အောင် ၊မိစန္ဒီ ၊ ခင်စုစုနိုင်၊ ဂျုဝယ်တို့ တွေသီဆိုထားတဲ့ သီချင်းအသစ်လေးတစ်ပုဒ်က လတ်တလောမှာ ထွက်ရှိလာခဲ့ပါတယ်။ သီချငအသစ်းလေးရဲ့ နာမည်ကတော့ “အသိအမှတ်ပြုပါတယ်” လို့ အမည်ပေးထားပြီး မိစန္ဒီနဲ့ ဝေကြီးတို့ကရေးစပ်ပေးထားတာပဲဖြစ်ပါတယ်။

သီချင်းလေးကတော့ ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကစပြီး ဖြစ်ပွားနေခဲ့တဲ့ Covid -19 ကမ္ဘာ့ကပ်ရောဂါ နဲ့ပတ်သက်လို့ စေတနာဝန်ထမ်းအနေနဲ့ တတ်စွမ်းသလောက် ကူညီပေးနေခဲ့တဲ့ ပရဟိတသမားတွေကို ကျေးဇူးတင် အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ကြိုးစားဖန်တီးထားကြတာပဲဖြစ်ပါတယ်။အခုလို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နဲ့ အတူပူပေါင်းတင်ဆက် ဂုဏ်ပြုခွင့်ရတဲ့ အတွက် ကျေးဇူးတင်ဝမ်ူသားမိတယ်လို့လည်း မိစန္ဒီကဆိုထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးတွေရော “အသိအမှတ်ပြုပါတယ်” သီချင်းလေးကိုနားဆင်ပြီးကြပြီလား။ နားမထောင်ရသေးတဲ့ပရိသတ်တွေအတွက် နားဆင်ခံစားလို့ရအောင် “အသိအမှတ်ပြုပါတယ်” သီချင်းလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးတို့ရေ။

Chilli – CeleGabar
Source – Mi Sandi