ဝင်းခန့်မိုးကတော့ ချိုပြုံးရဲ့အနုပညာအမွေကို ဆက်ခံထားတဲ့မြေးချောလေးဖြစ်ပြီး လတ်တလောမှာတော့ ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးနေတဲ့ “လရောင်အောက်ဘက် မိုင်အဝေးမှာ” “Yangon In Love”ရုပ်ရှင်ဇာတ်ကားကြီးနှစ်ခုမှာ ပါဝင်သရုပ်ဆောင်နေသူပါ။
လတ်တလော ကိုဗစ်ကာလရိုက်ကူးရေးတွေရပ်နားထားတဲ့အချိန်မှာတော့ ကိုယ်ပိုင်Vlog လေးတစ်ခုလုပ်ပြီး သူလုပ်ဖြစ်တဲ့အလှူလေးတွေနဲ့ ဗွီဒီယိုလေးတွေကို မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။ မကြာသေးခင်က အဖွားဖြစ်သူချိုပြုံးနဲ့အတူ အမိုက်စား Tik Tok လေးကို ရိုက်ကူးမျှဝေပေးခဲ့ပြီး ဒီတစ်ခေါက်မှာတော့ မြေးအဘွားနှစ်ယောက်ကိုယ်တိုင်ချက်လက်ရာလေးနဲ့အလှူပြုလုပ်ခဲ့တဲ့ဗွီဒီယိုလေးကို မျှဝေပေးခဲ့ပါတယ်။
ဝင်းခန့်မိုးကတော့ ခေတ်လူငယ်တစ်ယောက်မို့ မီးဖိုချောင်ကိစ္စတွေမှာမကျွမ်းကျင်ပေမယ့် သူ့ရဲ့လုပ်အားပါဝင်ထားတဲ့ အလှူလေးကိုပြုလုပ်လိုတဲ့ဆန္ဒရှိခဲ့ပြီး ထမင်းဆီနဲ့ဆားနှယ်၊ကြက်ကြော်၊ ငရုတ်သီးဆားထောင်းလေး ထမင်းဘူးလေးတွေကို ကိုယ်တိုင်တတ်နိုင်တဲ့ဘက်က ကူညီလုပ်ကိုင်ပေးခဲ့ပြီး မြေးအဘွားနှစ်ယောက် သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ တစ်နိုင်တစ်ပိုင်အလှူလေးပေမယ့် စေတနာအပြည့်နဲ့ပြုလုပ်လှူဒါန်းပေးခဲ့ကြတဲ့သူတို့မြေးအဘွားရဲ့အလှူလေးကတော့ ကြည်နူးစရာပါပဲမို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Win Khant Moe
Rainbow- Cele Gabar