လက္ဦးဆရာအျဖစ္ သူထူးစံကို မင္းသားျဖစ္ေအာင္ လုပ္ေပးခဲ့ေပမဲ့စိတ္အနာဆံုးပဲလို႕ဆိုလာတဲ့ စတန္႕အက္ရွင္သရုပ္ေဆာင္ ကမာၻရွား

Collage_Fotor582.png

 

သရုပ္ေဆာင္မင္းသား သို႕ မဟုတ္ မင္းသမီး အနုပညာရွင္တစ္ေယာက္ရဲ႕ ဘ၀မွာ အကယ္ဒမီဆိုတာ ဘ၀မွတ္တို္င္တစ္ခုျဖစ္သလို ဆုရရွိဖို႕အတြက္ ကို္ယ္တိုင္ကလည္း ရုပ္ရွင္ရုိက္ဖို႕ အခြင့္အေရးနဲ႕ ဇာတ္ေကာင္ကာရိုက္တာကလည္း အရမ္းကို အေရးၾကီးပါတယ္။ မၾကာေသးကမွ အိမ္ေထာင္လည္း က်သလို အကယ္ဒမီဆုၾကီးလည္း ရရွိခဲ့တဲ့ သူထူးစံကေတာ့ အနုပညာေလာကမွာ မွတ္တိုင္တစ္ခု စိုက္ထူနိုင္ခဲ့ျပီျဖစ္သလို ေအာင္ျမင္တဲ့ သရုပ္ေဆာင္ အနုပညာရွင္တစ္ဦး လို႕ လည္း ဆိုရမွာပါ။

” ေမွာ္၀င္သမန္းက်ား” မွာ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ အကယ္ဒမီဆုကို သူကိုယ္တိုင္က မေမွ်ာ္လင့္ထားပဲ ဆြတ္ခူးရရွိခဲ့တာျဖစ္ျပီး ခုလို ကိုယ္တိုင္ကလိုအပ္ခ်က္ေတြ အမ်ားၾကီးရွိေနတာကို သိပါတယ္လို႕လည္း ဆိုထားပါတယ္။ သူထူးစံ မင္းသားတစ္ေယာက္ ျဖစ္လာဖို႕ ေျမေတာင္ေျမွာက္ ေပးခဲ့တဲ့ လက္ဦးဆရာကေတာ့ စတန္႕နဲ႕အက္ရွင္သရုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ကမာၻရွား ျဖစ္ျပီး သူထူးစံဟာ ဘ၀မွာ စိတ္အနာဆံုးေသာ တပည္႕တစ္ေယာက္ပဲ လို႕လည္း ဆိုလာပါတယ္။

သူထူးစံ ေျပာခဲ့ဖူးတဲ့ စကားတခြန္းေၾကာင့္ ဘယ္ေတာ့မွ သူ႕ဆီကို မသြားျဖစ္ေတာ့ေၾကာင္းနဲ႕ ” VCD မွာ သူ႕ကို စေတြ႕တယ္။ သူထူးစံက မင္းသားျဖစ္ဖို႕ ဆရာတစ္ေယာက္လိုတယ္။ ကၽြန္ေတာ့ကို မင္းသားျဖစ္ေအာင္ လုပ္ေပးပါလား ဆိုလာတယ္။ ဆရာတစ္ေယာက္အေနနဲ႕ ကၽြန္ေတာ္က ကုမၸဏီနဲ႕ စာခ်ဳပ္ခ်ဳပ္တဲ့ အခ်ိန္မွာ မေအးေအး၀င္းက တစ္ကားကို (၅၀၀၀၀) က်ပ္ႏႈန္းနဲ႕ ကား(၁၀၀) ေျပာတယ္။ သူထူးစံကေတာ့ ရိုက္ခ်င္ေနျပီ။ေနာက္ဆံုးေတာ့ (၃၆)ကားနဲ႕ ကၽြန္ေတာ္ ခြင့္ျပဳခ်က္ေပးလိုက္တယ္။ ေနာက္ဆံုးမွာ ကၽြန္ေတာ္ဘက္က(၁)ကားပဲရိုက္မယ္။ ငါရိုက္ကူးေရးတင္ရမယ္။ လက္မွတ္ထိုးေပးေတာ့လို႕ ေျပာခ်ိန္မွာ ကၽြန္ေတာ္ စဥ္းစားဦးမယ္လို႕ ေျပာလာေတာ့ ကၽြန္ေတာ္ ရင္ထဲေအာင့္သြားတယ္။ ကၽြန္ေတာ္ သူ႕ကို ဆြဲတင္လာတယ္။ ေနာက္ဆံုးတစ္ကားက လူၾကမ္းေတြရဲ႕ ဘ၀ကို ရိုက္ထားတာပါ။ကၽြန္ေတာ္ အမ်ားၾကီးလုပ္ေပးခဲ့တယ္။ ခု စဥ္းစားဦးမယ္ဆိုေတာ့ အရမ္းခံစားရတယ္။ အဲ့ခ်ိန္ထဲက ကၽြန္ေတာ္ သူထူးစံကို သြားမေတြ႕ျဖစ္ေတာ့ ဘူး ” လို႕ သူထူးစံရဲ႕ ဆရာတစ္ေယာက္ျဖစ္သူ ကမာၻရွားကေတာ့ ခုလိုပဲ ဆိ္ုလာတာမို႕ ဆယ္လီကမာၻပရိသတ္ၾကီးရဲ႕ အျမင္ေတြကို မွ်ေ၀သြားၾကပါဦးေနာ္….။

 

Source: Myanma Platform Video
Khin Mi Mi @CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

သရုပ်ဆောင်မင်းသား သို့ မဟုတ် မင်းသမီး အနုပညာရှင်တစ်ယောက်ရဲ့ ဘဝမှာ အကယ်ဒမီဆိုတာ ဘဝမှတ်တိုင်တစ်ခုဖြစ်သလို ဆုရရှိဖို့အတွက် ကိုယ်တိုင်ကလည်း ရုပ်ရှင်ရိုက်ဖို့ အခွင့်အရေးနဲ့ ဇာတ်ကောင်ကာရိုက်တာကလည်း အရမ်းကို အရေးကြီးပါတယ်။ မကြာသေးကမှ အိမ်ထောင်လည်း ကျသလို အကယ်ဒမီဆုကြီးလည်း ရရှိခဲ့တဲ့ သူထူးစံကတော့ အနုပညာလောကမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်သလို အောင်မြင်တဲ့ သရုပ်ဆောင် အနုပညာရှင်တစ်ဦး လို့ လည်း ဆိုရမှာပါ။

” မှော်ဝင်သမန်းကျား” မှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆုကို သူကိုယ်တိုင်က မမျှော်လင့်ထားပဲ ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး ခုလို ကိုယ်တိုင်ကလိုအပ်ချက်တွေ အများကြီးရှိနေတာကို သိပါတယ်လို့လည်း ဆိုထားပါတယ်။ သူထူးစံ မင်းသားတစ်ယောက် ဖြစ်လာဖို့ မြေတောင်မြှောက် ပေးခဲ့တဲ့ လက်ဦးဆရာကတော့ စတန့်နဲ့အက်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကမ္ဘာရှား ဖြစ်ပြီး သူထူးစံဟာ ဘဝမှာ စိတ်အနာဆုံးသော တပည့်တစ်ယောက်ပဲ လို့လည်း ဆိုလာပါတယ်။

သူထူးစံ ပြောခဲ့ဖူးတဲ့ စကားတခွန်းကြောင့် ဘယ်တော့မှ သူ့ဆီကို မသွားဖြစ်တော့ကြောင်းနဲ့ ” VCD မှာ သူ့ကို စတွေ့တယ်။ သူထူးစံက မင်းသားဖြစ်ဖို့ ဆရာတစ်ယောက်လိုတယ်။ ကျွန်တော့ကို မင်းသားဖြစ်အောင် လုပ်ပေးပါလား ဆိုလာတယ်။ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော်က ကုမ္ပဏီနဲ့ စာချုပ်ချုပ်တဲ့ အချိန်မှာ မအေးအေးဝင်းက တစ်ကားကို (၅၀၀၀၀) ကျပ်နှုန်းနဲ့ ကား(၁၀၀) ပြောတယ်။ သူထူးစံကတော့ ရိုက်ချင်နေပြီ။နောက်ဆုံးတော့ (၃၆)ကားနဲ့ ကျွန်တော် ခွင့်ပြုချက်ပေးလိုက်တယ်။ နောက်ဆုံးမှာ ကျွန်တော်ဘက်က(၁)ကားပဲရိုက်မယ်။ ငါရိုက်ကူးရေးတင်ရမယ်။ လက်မှတ်ထိုးပေးတော့လို့ ပြောချိန်မှာ ကျွန်တော် စဉ်းစားဦးမယ်လို့ ပြောလာတော့ ကျွန်တော် ရင်ထဲအောင့်သွားတယ်။ ကျွန်တော် သူ့ကို ဆွဲတင်လာတယ်။ နောက်ဆုံးတစ်ကားက လူကြမ်းတွေရဲ့ ဘဝကို ရိုက်ထားတာပါ။ကျွန်တော် အများကြီးလုပ်ပေးခဲ့တယ်။ ခု စဉ်းစားဦးမယ်ဆိုတော့ အရမ်းခံစားရတယ်။ အဲ့ချိန်ထဲက ကျွန်တော် သူထူးစံကို သွားမတွေ့ဖြစ်တော့ ဘူး ” လို့ သူထူးစံရဲ့ ဆရာတစ်ယောက်ဖြစ်သူ ကမ္ဘာရှားကတော့ ခုလိုပဲ ဆိုလာတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးရဲ့ အမြင်တွေကို မျှဝေသွားကြပါဦးနော်….။

 

scroll to top