သမီးလေးရဲ့ (၉)နှစ်ပြည့်မွေးနေ့အတွက် အနှေးယာဉ်ဆရာတွေကို ထောပတ်ထမင်းလှူဒါန်းခဲ့တဲ့ ညီနန္ဒ

ကျရာဇာတ်ရုပ်မှန်သမျှကို ပီပြင်အောင်သရုပ်ဆော်နိုင်တဲ့ သရုပ်ဆောင် ညီနန္ဒကတော ကိုဗစ်ကာလမှာ ထောပတ်ထမင်းရောင်းချနေတာဖြစ်ပါတယ် ။ မကြာသေးမီကလည်း မင်္ဂလာသက်တမ်း (၁၁) နှစ်ပြည့် အလှူလေးအနေနဲ့ သုဝဏ္ဏမှာရှိတဲ့ ဧရာဝတီ ကိုဗစ်စင်တာမှာ ထောပတ်ထမင်း ဒါနအလှူနဲ့ ကုသိုလ်ယူခဲ့ပါသေးတယ် ။

လက်တလောမှာတော့ တစ်ဦးတည်းသောသမီးလေး စနိုးဖြူစင်ရဲ့ (၉)နှစ်ပြည့် မွေးနေ့လေးမှာ အနှေးယာဉ်ဆရာ (၉၀) ဦးအတွက် ထောပတ်ထမင်း ပွဲ (၉၀) အလှူဒါနပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ကိုယ်တိုင်က ပညာရေးကို ဆုံးခန်းတိုင် မသင်ခဲ့ရတော့ သမီးလေးကို ထူးချွန်တဲ့ ပညာတတ်ကြီးဖြစ်စေချင်တယ်လို့ သမီးအပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ညီနန္ဒက ဆယ်လီကမ္ဘာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ် ။

 

သမီးလေးကို ကျန်းကျန်းမာမာနဲ့ အေးချမ်းပျော်ရွှင်တဲ့ဘဝလေးမှာ နေထိုင်သွားနိုင်ပါစေလို့လည်း ညီနန္ဒတို့ဇနီးမောင်နှံက ဆုမွန်ကောင်းတွေပေးခဲ့ပါသေးတယ် ။ သမီးလေး စနိုးဖြူစင်လည်း မွေးနေ့မှစပြီးနောင်နှစ်ပေါင်းများစွာထိ အသက်ရှည်အနာမဲ့ပြီး မိဘဖြစ်စေချင်တဲ့ ပညာတတ်ကြီးလည်းဖြစ်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar)

Check Also

အဖွားဖြစ်သူ ဆုံးပါးကွယ်လွန်သွားတဲ့ စိတ်မကောင်းစရာသတင်းလေးကို မျှဝေလာခဲ့တဲ့ ပိုးမီ

ပရိသတ်ကြီးရေ ပိုးမီကတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပြိုင်ပွဲကြီးကို ယှဉ်ပြိုင်နေခဲ့စဉ်ကတည်းကပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့ပြီး လက်ရှိအချိန်မှာလည်း အဆိုတော်ကောင်းတစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့ပါတယ်။ ပိုးမီကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို …

x