ေရမြန္တစ္ေယာက္ လက္တြဲေဖာ္ အခ်စ္သစ္ေတြ႕သြားျပီလား ?

33.png

လူငယ္ေတြနဲ႔ပဲ ဖြဲ႕စည္းထားတဲ့ Idiots Band ကေတာ့ ဆယ္ေက်ာ္သက္ လူငယ္ပရိသတ္ေတြၾကားမွာ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ Band တစ္ခုပဲ ျဖစ္ပါတယ္။ Idiots Band ရဲ႕ ပင္တိုင္အဆိုေတာ္ ေတးသံရွင္ေရမႊန္ဟာလည္း ႏႈတ္ခမ္းနီမေလးေတြ အသည္းစြဲျဖစ္ေနသလို ေယာက္်ားေလး ပရိသတ္ေတြလည္း ေႂကြေနရတဲ့ အဆိုေက်ာ္တစ္ဦးပဲ ျဖစ္ပါတယ္။ ခံစားခ်က္ေတြျပင္းထန္ေပါက္ကြဲ ေစတဲ့ ခမ္ၾကမ္းၾကမ္း သီခ်င္း ပုံစံေတြနဲ႔ ပရိသတ္ေတြ ႐ူးသြပ္စြာအားေပးခဲ့ၾကရသလို ဆယ္ေက်ာ္သက္ေတြရဲ႕ႏွလုံးသားေရးနဲ႔ ပတ္သတ္တဲ့ ခံစားခ်က္သီခ်င္းေလးေတြကလည္း ပရိသတ္ေတြရင္ကိုထိေစခဲ့ပါတယ္။ ဒါေပမယ့္ ပ်ိဳေမတို႕ရဲ႕အသည္းစြဲေရမြန္ကေတာ့ မၾကာေသးမီကမွ ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲျပတ္စဲခဲ့ၾကတာ ျဖစ္ပါတယ္ ။

 

 

 

ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲျပီးေနာက္ပိုင္းမွာေတာ့ ေရမြန္ရဲ႕ အခ်စ္ေရး သတင္းေတြဟာ ျငိမ္သြားခဲ့ျပီး တစ္ကိုယ္ေတာ္ ဘ၀ကိုျဖတ္သန္းရင္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနခဲ့တာပါ ။ လတ္တေလာမွာေတာ့ ေရမြန္တစ္ေယာက္ သူ႕ရဲ႕ My Day ကေန လက္တြဲထားတဲ့ ပံုေလးတစ္ပံုကို တင္ခဲ့ပါတယ္ ။ မိန္းကေလး တစ္ေယာက္ရဲ႕လက္ျဖစ္ျပီး သူ႕ရဲ႕ခ်စ္သူသစ္လုိ႕ ယူဆရလို႕ ပရိသတ္ေတြအားလံုးက စိတ္၀င္စားေနၾကပါတယ္။ တျပိဳင္ထဲမွာပဲ မိန္းကေလး ပရိသတ္ေတြကလည္း ေရမြန္ရည္းစားသစ္ရသြားျပီလားလို႕ အသည္းကြဲေနၾကတာကို ေတြ႕ျမင္ရပါတယ္ ။ ကဲ CeleGabar ပရိသတ္ၾကီးေရာ ေရမြန္ရည္းစားသစ္ရေနျပီလို႕ထင္လား ေျဖေပးခဲ့ပါဦး ။

Source : Wai Mon Oo
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ရေမွန်တစ်ယောက် လက်တွဲဖော် အချစ်သစ်တွေ့သွားပြီလား ?

 

လူငယ်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ Idiots Band ကတော့ ဆယ်ကျော်သက် လူငယ်ပရိသတ်တွေကြားမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားနေတဲ့ Band တစ်ခုပဲ ဖြစ်ပါတယ်။ Idiots Band ရဲ့ ပင်တိုင်အဆိုတော် တေးသံရှင်ရေမွှန်ဟာလည်း နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေသလို ယောက်ျားလေး ပရိသတ်တွေလည်း ကြွေနေရတဲ့ အဆိုကျော်တစ်ဦးပဲ ဖြစ်ပါတယ်။ ခံစားချက်တွေပြင်းထန်ပေါက်ကွဲ စေတဲ့ ခမ်ကြမ်းကြမ်း သီချင်း ပုံစံတွေနဲ့ ပရိသတ်တွေ ရူးသွပ်စွာအားပေးခဲ့ကြရသလို ဆယ်ကျော်သက်တွေရဲ့နှလုံးသားရေးနဲ့ ပတ်သတ်တဲ့ ခံစားချက်သီချင်းလေးတွေကလည်း ပရိသတ်တွေရင်ကိုထိစေခဲ့ပါတယ်။ ဒါပေမယ့် ပျိုမေတို့ရဲ့အသည်းစွဲရေမွန်ကတော့ မကြာသေးမီကမှ ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ် ။

ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာတော့ ရေမွန်ရဲ့ အချစ်ရေး သတင်းတွေဟာ ငြိမ်သွားခဲ့ပြီး တစ်ကိုယ်တော် ဘဝကိုဖြတ်သန်းရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့တာပါ ။ လတ်တလောမှာတော့ ရေမွန်တစ်ယောက် သူ့ရဲ့ My Day ကနေ လက်တွဲထားတဲ့ ပုံလေးတစ်ပုံကို တင်ခဲ့ပါတယ် ။ မိန်းကလေး တစ်ယောက်ရဲ့လက်ဖြစ်ပြီး သူ့ရဲ့ချစ်သူသစ်လို့ ယူဆရလို့ ပရိသတ်တွေအားလုံးက စိတ်ဝင်စားနေကြပါတယ်။ တပြိုင်ထဲမှာပဲ မိန်းကလေး ပရိသတ်တွေကလည်း ရေမွန်ရည်းစားသစ်ရသွားပြီလားလို့ အသည်းကွဲနေကြတာကို တွေ့မြင်ရပါတယ် ။ ကဲ CeleGabar ပရိသတ်ကြီးရော ရေမွန်ရည်းစားသစ်ရနေပြီလို့ထင်လား ဖြေပေးခဲ့ပါဦး ။

Source : Wai Mon Oo
Molly @CeleGabar

scroll to top