ပရိသတ်ကြီးရေ .. ဒီနေ့ ဇန်နဝါရီလ (၄) ရက်နေ့ကတော့ မင်္ဂလာပွဲ (၆) ပွဲတိတိပြုလုပ်ပြီး ကြီးကျယ်ခမ်းနာစွာလက်ထပ်ခဲ့ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၀) နှစ်ပြည့် အမှတ်တရနေ့ရက်လေးပဲဖြစ်ပါတယ် ။ အူးတီနဲ့ အူဝဲတို့ နှစ်ယောက်ကတော့ ပရိသတ်တွေချစ်ခင် အားကျရတဲ့ နာမည်ကျော် ဆယ်လီစုံတွဲ ဇနီးမောင်နှံနှစ်ယောက် ဆိုလည်းမမှားပါဘူးနော် ။
အူးတီနဲ့ အူဝဲတို့နှစ်ယောက်က ဆယ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရအနေနဲ့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ချစ်ခြင်းမေတ္တာတွေကို အပြိုင်ဆိုင် ရေးသားဖော်ပြခဲ့ကြပါတယ် ။ ဒါ့အပြင် အိန္ဒြာကျော်ဇင်ကလည်း My Love က Surprise တိုက်ပြီးပေးတာ ipad pro လေးလိုချင်နေတာနဲ့ကွက်တိ ဆိုတဲ့ စာသားလေးကို သူမရဲ့ မိုင်ဒေးမှာ ရေးသားမျှဝေပေးလာခဲ့ပါတယ် ။
ပရိသတ်တွေကလည်း သူမတို့ ဇနီးမောင်နှံရဲ့ နှစ်ပတ်လည်နေ့ရက်လေးအတွက် ဆုမွန်ကောင်းလေးတွေ အများကြီး မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ အူးတီ နဲ့ အူဝဲ တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ရက်မှသည် သက်ဆုံးတိုင် ပျော်ရွှင်စွာနဲ့ ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။
Source : Eaindra Kyaw Zin
Emily (Cele Gabar)