လေဖြန်းနေတဲ့ ကြားက မီးမလာလို့ အရမ်းဒုက္ခရောက်နေတယ် လို့ ဆိုလာတဲ့ ဦးပေါ်လေး
Collage_Fotor523532.jpg
ချစ်သဲမေ@CeleGabar / Source:CeleGabar
ပွဲကနေရမှ ရုပ်ရှင်ရိုက်နေရမှ ကျေနပ်နေတဲ့ ဦးပေါ်လေးကတော့ ပရိသတ်အားပေးမှုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ဝါရင့်ဟာသအနုပညာရှင်တစ်ယောက်လို့ဆိုနိုင်ပါတယ်။ ဦးပေါ်လေးကတော့ လက်ရှိမှာ အကြောင်းအားလျှော်စွာ လေဖြန်းတစ်ခြမ်းတဲ့ ဝေဒနာ ကိုခံစားနေရတာဖြစ်ပြီး သူမသေသရွေ့ တော့ အနုပညာအလုပ်ကို ဆက်ကြိုးစားသွားမယ် ဆိုတဲ့အကြောင်းကို CeleGabar ကိုပြောဆိုခဲ့တာဖြစ်ပါတယ်။
” အပူအအေးမမျှတတော့ ဘယ်ဘက်တခြမ်းလေဖြန်းသွားတယ်။ ဖြစ်ဖြစ်ချင်းရန်ကုန်ဆေးရုံကြီးကိုသွားတယ်သွေးခဲသွားတာပါ။ ပြီးတော့ ပါရမီဆေးရုံကြီးကိုသွားတယ် သူတို့ပေးတဲ့ဆေးကိုပုံမှန်သောက်ကမယ်၊လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားအသောက်ရှောင်ရမယ်၊ အဲဒါဆိုရင်တော့သက်သာမှာပေါ့“ လို့ လက်ရှိခံစားနေရတဲ့ ဝေဒနာနဲ့ ပတ်သက်လို့ ခုလို ပြောကြားခဲ့ပြီး
လတ်တလော မီးခဏခဏ ပျက်နေတဲ့ အပေါ်မှာလည်း “ဝေဒနာကတော့ တအားဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး။ လေတခြမ်း ပါသွားတယ်ဆိုတော့ စိတ်ဓာတ်ကတော့ ကျတာပေါ့။ အမြဲတမ်းလှုပ်ရှားပြီး အလုပ်လုပ်နေတဲ့သသူက မလှုပ်နိုင် ဖြစ်နေရတာပေါ့ ။ အဓိက ကတော့ မီးပေါ့။ မီးက မလာတော့ စိတ်ထဲမကောင်းဘူး။ မကောင်းတော့လဲ ဘာပြောနိုင်မလဲ။ မောတော့ ယပ်တောင်ပဲ ခတ်နေရတာပေါ့။ ” လို့ မီးမလာလို့ အဆင်မပြေမှု ၊ ဒုက္ခတွေ အကြောင်းကိုလည်း ခုလို ပြောပြသွားပါတယ်။ လူရွှင်တော်အသင်း၊သဘင်အစည်းအရုံးဗဟို၊နဲ့ဏကြီး၊ ပိုင်ဖြိုးသုဇနီးမောင်နှံ တို့ကလာရောက် သတင်းမေးရင်း ထောက်ပံငွေကန်တော့ကြသလို ဆယ်လီကမ္ဘာပရိသတ်ကြီးရော ဦးပေါ်လေး ပြန်ကောင်းလာတဲ့အချိန်ကိုစောင့်ပြီးအားပေးကြမယ်မဟုတ်လား မှတ်ချက်လေးရေးပေးခဲ့ပါဦး။
scroll to top