(၂)ရက်အတွင်းမှာတင် ကြည့်ရှုသူ (၁၀)သိန်းပြည့်သွားခဲ့တဲ့ ချမ်းမြေ့မောင်ချိုနဲ့ Ah Boy တို့ရဲ့ Teaser ဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က ပရိသတ်တွေရဲ့ အချစ်တော် ချမ်းမြေ့မောင်ချိုနဲ့ Ah Boy တို့ရဲ့ “အငွေ့အသက်များ” သီချင်းလေးရဲ့ Teaser ဗီဒီယိုဖိုင်လေးထွက်ရှိလာခဲ့တာ ပရိသတ်တွေ ကြည့်ရှုပြီးကြမယ်ထင်ပါတယ်။ ဗီဒီယိုဖိုင်လေးကတော့ (၃၂)စက္ကန့်စာ ဗီဒီယိုအတိုလေးဖြစ်ပြီး မောင်ချိုလေးနဲ့ Ah Boy တို့ကိုယ်တိုင် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ဗီဒီယိုလေးထဲမှာ သရုပ်ဆောင်ထားတဲ့ မောင်ချိုလေးနဲ့ Ah Boy တို့ရဲ့ သရုပ်ဆောင်မှုတွေကပြီပြင်လွန်းလှတာကြောင့် ပရိသတ်တွေ သဘောကျနှစ်သက်နေခဲ့ကြပြီး ချီးကျူးနေခဲ့ကြပါသေးတယ်။ပရိသတ်တွေသဘောကျနှစ်သက်ပြီး ချီးကျူးအားပေးနေခဲ့တဲ့ ဒီဗီဒီယိုလေးက ထွက်ရှိလာခဲ့ပြီး (၂)ရက်အကြာမှာတင် ကြည့်ရှုသူ (၁၀)သိန်းပြည့်တဲ့အထိကို အောင်မြင်မှုတွေရရှိနေခဲ့ပါတယ်။

(၃၂)စက္ကန့်စာ Teaser ဗီဒီယိုလေးမှာတင် ပရိသတ်တွေရဲ့အားပေးကြည့်ရှုမှုအပြည့်အဝရရှိနေခဲ့တဲ့ ဒီသီချင်းလေးရဲ့ ဗီဒီယိုအပြည့်အစုံလေးထွက်ရှိလာမယ့်နေ့ကိုတော့ ပရိသတ်တွေက မျှော်လင့်တကြီးနဲ့ စောင့်စားနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေရော ဒီဗီဒီယိုလေးကို သဘောကျနှစ်သက်ကြရဲ့လား။

Chilli – CeleGabar
Soure – Chanmyae Mgcho