ပရိသတ်ကြီးရေ ဟာသ ကားတွေ အမြဲရိုက်လေ့ရှိတဲ့ ဒါရိုက်တာ မောင်သီကတော့ လတ်တလော ပရိသတ်တွေအကြိုက်တွေ့နေတဲ့ မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲ ရဲ့ထုတ်လုပ်သူ တစ်ယောက်ပဲဖြစ်ပါတယ် ။ မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲကနောက်တပါတ်ဆို ပြီးတော့မှာ ဖြစ်ပြီး ဒါရိုက်တာမောင်သီရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတပုဒ်ဖြစ်ပြီး ထုတ်လုပ်သူအဖြစ်လည်း တာဝန်ယူခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ် ။
ဒီစီးရီးတွဲ ဘယ်လောက် အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ ပရိသတ်ကဆုံးဖြတ်ပါလိမ့်မယ်လို့ ဒါရိုက်တာမောင်သီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ် ။ ဒါ့အပြင် ကျွန်တော်လည်း drama ရိုက်တတ်ပါတယ်လို့ပြောတာကို ယုံကြည်စွာနဲ့ရိုက်ကူးခွင့်ပြုခဲ့တဲ့ CEO နဲ့ မျိုးစုံ ဂျီကျသမျှ စိတ်အညစ်ခံရပြီး ယုံကြည်ခွင့်ပြုပေးခဲ့တဲ့ တာဝန်ရှိသူနဲ့ ဒူးနာနေတဲ့ကြားက ထော့နဲ့နဲ့ နဲ့ အကောင်းဆုံး အပင်ပမ်းခံ ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာကြီး ကိုဟိန်းစိုးကိုလည်း ကျေးဇူးတင်စကားရေးသားထားပါသေးတယ် ။
ဒါရိုက်တာမောင်သီက သူမြင်ထားတဲ့ဇာတ်ကောင်အတိုင်း ရွေးချယ်ထားတာကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ကြတဲ့ သရုပ်တွေနဲ့ မင်္ဂလာ့သုတ် သံပေါက်သီချင်းနဲ့ပတ်သက်သမျှအထူး ခွင့်ပြုပေးခဲ့ပါသော ချစ်မိတ်ဆွေ YMBA ဒု ဥက္ကဋ္ဌ Drကျော်သူ နဲ့ YMBAအသင်းကြီးမှတာဝန်ရှိသူများအားလုံး အင်ပြည့်အားပြည့် လိုလေသေးမရှိ ကူညီပေးပါသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့ နဲ့အတူ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ် ။
Source : Maung Thi
Emily (Cele Gabar)