ပရိသတ်တွေအတွက် လေ့ကျင့်ခန်းတွေလုပ်ပြီး ပိုလှဖို့ကြိုးစားနေတဲ့ ပိုပိုရဲ့ ဗီဒီယိုလေး

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ စတင်အောင်မြင်ကာစက ၀၀ကစ်ကစ်လေးနဲ့ချစ်ဖို့ကောင်းတဲ့ ပိုပိုကတော့ အခုနောက်ပိုင်း ပိုမိုလှပလာတယ်ဆိုတာကတော့ ပရိသတ်တွေ အမြင်ပါပဲ ။

အရင်က ပိုပိုနဲ့မတူဘဲ အများကြီးလှလာပြီး အရမ်းဆွဲဆောင်မှုရှိလာတဲ့ ပိုပိုရဲ့ လျှို့ဝှက်ချက်ကို ပရိသတ်တွေကလည်း သိချင်နေကြတာပါ ။ အဲဒါကတော့ အရင်ကထက် ပိုပိုလှလာပြီး အများကြီးဝိတ်ကျသွားတဲ့ ပိုပိုက သူမရဲ့ ခန္ဓာကိုယ်ကို ဝိတ်မတက်ဖို့နဲ့ လှပလာဖို့အတွက် လေ့ကျင်းခန်းတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ် ။ လတ်တလောမှာလည်း သူမရဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ အခုလည်းလှနေတာကို နောက်ဆို ပိုပိုလှလာတော့မှာပဲ ဆိုတဲ့ မှတ်ချက်လေးတွေနဲ့ သူမကို အားပေးစကားလေးတွေ မှတ်ချက်ရေးသားပြီး ဝန်းရံခဲ့ကြပါတယ် ။ ပရိသတ်တွေအတွက် ကြိုးစားပြီး လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ ပိုပိုရဲ့ ဗီဒီယိုလေးတွေကိုလည်း သူမ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Po Po
Emily (Cele Gabar)

 

Check Also

အဖွားဖြစ်သူ ဆုံးပါးကွယ်လွန်သွားတဲ့ စိတ်မကောင်းစရာသတင်းလေးကို မျှဝေလာခဲ့တဲ့ ပိုးမီ

ပရိသတ်ကြီးရေ ပိုးမီကတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပြိုင်ပွဲကြီးကို ယှဉ်ပြိုင်နေခဲ့စဉ်ကတည်းကပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့ပြီး လက်ရှိအချိန်မှာလည်း အဆိုတော်ကောင်းတစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့ပါတယ်။ ပိုးမီကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို …

x