ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အလှူရှင်တွေအတွက်ရည်စူးပြီး လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ခိုင်မိသားစုဂေဟာလေးကို ဖွင့်လှစ်ပြီး ခိုကိုးရာမဲ့ကလေးငယ်လေးတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အလှူရေစက် လက်နဲ့မကွာဆိုသလို အလှူအတန်းတွေ မကြာခဏ ပြုလုပ်တတ်သူဖြစ်ပြီး လတ်တလောမှာလည်း ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ် ။

ဘဝ တပါး ကူးပြောင်းသွားတဲ့ ခုနှစ်ရက် သားသမီးအလှူရှင် များကို ရည်စူးပြီး သံဃာ အပါး (၂၀၀)အား ဆွမ်း၊ ခဲဖွယ်၊ အလှုငွေ များ ကပ်လှု ပူဇော်ခြင်း ကို “ခိုင်” မိသားစု နှင့် ခုနှစ်ရက် သားသမီး အလှူရှင်များ မှ နှစ်ဦး အလှူ အဖြစ် ရေစက်ချ လှူဒါန်း ကုသိုလ်ယူ အမျှဝေ ခဲ့တာပဲဖြစ်ပါတယ် ။ ဒါ့အပြင် ကြည်နူးဖွယ်အလှူပုံရိပ်လေးတွေကိုလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးခဲ့ပါသေးတယ် ။

ပရိသတ်တွေကတော့ သူမ ရဲ့အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပြီး အလှူပုံရိပ်လေးတွေကို မြင်ရတာ စိတ်ကြည်နူးရတယ်ဆိုတဲ့မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ခိုင်နှင်းဝေကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်တွေအတွက်လည်း အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: Khine Hnin Wai
Emily (Cele Gabar)